၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၇ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ပြည်သာယာ (၄)လမ်းရှိ အောင်လွင်(ခ)မောင်ထင်း(၂၅)နှစ် ငှားရမ်းနေထိုင်သည့် အခန်းအမှတ်(၂)အား ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်ခန်းအတွင်း ၎င်းနှင့်အတူ မြဝတီမြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေသူများဖြစ်သည့် မရီရွှင်ကြည်း(၂၀)နှစ်၊ ရဲဝင်းနိုင်(ခ)ရန်ကျုံးခံ(၂၀)နှစ်၊ လောက်ချိန်(၃၉)နှစ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရေချမ်းအိုးကျေးရွာနေ အားစော(၃၃)နှစ်တို့ ငါးဦးအား စိတ်ပြောင်း ဆေးဝါးများဖြစ်သည့် ကက်တမင်း ၁၂ ဒသမ ၁၅ ကီလို(တစ်ကီလိုလျှင် ငွေကျပ်သိန်း ၃၅၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် ၄,၂၅၂ ဒသမ ၅ သိန်း)၊ အက်တက်စီ ဆေးပြား ၂,၀၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၅၀,၀၀၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၁,၀၀၀)၊ HAPPY WATER ၄၇၅ ဂရမ် (တစ်ဂရမ်လျှင် ငွေကျပ် ၈၀,၀၀၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၃၈၀)၊ HAPPY WATER ရောစပ်ရာတွင် အသုံးပြုသည့် အရောင်အမှုန့် ၃ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၅၀,၀၀၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၅ သိန်း)၊ ကက်တမင်းအရည် ၁,၁၉၀ မီလီလီတာ(တစ်မီလီမီတာလျှင် ငွေကျပ် ၂,၀၀၀ နှုန်းဖြင့် ၎င်းဒေသ ကာလတန်ဖိုး ငွေကျပ် ၂၃ ဒသမ ၈ သိန်း)၊ ဘိန်းစာရွက်ပြုတ်ရည် ၆ လီတာ (တစ်လီတာလျှင် ငွေကျပ် ၂၀,၀၀၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၂ သိန်း)၊ စိတ်ကြွရူးသွပ် ဆေးပြား ၈၇,၀၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၂,၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၁,၇၄၀)နှင့် ETHYL ALCHOL ၇ လီတာ (တစ်လီတာလျှင် ငွေကျပ် ၁၀,၀၀၀ နှုန်းဖြင့် ၎င်းဒေသ ကာလတန်ဖိုး ငွေကျပ် ၇၀,၀၀၀)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း။
ဆက်လက်၍ နံနက် ၈ နာရီ ၃၀ မိနစ်တွင် အဆိုပါတိုက်ခန်းရှိ အောင်နိုင်(ခ)အားကျီ(၂၆)နှစ် ငှားရမ်းနေထိုင်သည့် အခန်းအမှတ်(၅)အား ဆက်လက်ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းနှင့်အတူ မြဝတီမြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ မင်းသက်နိုင်(ခ)အားချိန်(၂၄)နှစ်၊ အောင်ကျော်နိုင်(ခ)ယောင်ချုံယု (၃၃)နှစ်၊ နေမင်းထွေး(ခ)အားကျယ်(၂၆)နှစ်နှင့် ရွှေကုက္ကိုကျေးရွာနေ အောင်မင်းသူ(ခ)ကျူးယုံအန်း (၂၄)နှစ်တို့ ငါးဦးအား စိတ်ပြောင်းဆေးဝါးများဖြစ်သည့် HAPPY WATER ၅၀၀ ဂရမ် (တစ်ဂရမ်လျှင် ငွေကျပ် ၈၀,၀၀၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၄၀၀)၊ အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၀ ဂရမ်(တစ်ဂရမ်လျှင် ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၆၀)၊ အက်တက်စီဆေးပြား ၅၀၀ ပြား(တစ်ပြားလျှင် ငွေကျပ် ၅၀,၀၀၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၂၅၀)၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ပြား(တစ်ပြားလျှင် ငွေကျပ် ၂,၀၀၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၆၀၀)၊ ဘိန်းဆီခဲ ၅ ဒသမ ၈ ကီလို(တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁၀၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၅၈၀)အား ဆက်စပ်ပစ္စည်းများနှင့်အတူ အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ ၁၀ ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
MOHA
