၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်က ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ စုစုပေါင်း ဘိန်းစိုက်ခင်း ၃၂ ဧကအား ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉ နာရီ ၃၀ မိနစ်မှ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ထိ ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်း အဖွဲ့သည် ဟိုပုံးမြို့နယ်၊ ဘော်ကုန်းကျေးရွာအုပ်စု၊ လီမောကျေးရွာအနီးရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၅ ဧကခန့် လည်းကောင်း၊
အလားတူ နံနက် ၉ နာရီ ၃၅ မိနစ်မှ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ထိ ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လောင်း မြို့နယ်၊ ထီပေါင်းကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာအနီးရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၅ ဧကခန့်အား လည်းကောင်း၊
ထို့အတူ နံနက် ၉ နာရီ ၄၀ မိနစ်မှ ညနေ ၄ နာရီ ၃၀ မိနစ်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ စံကားကျေးရွာအနီးရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၂ ဧကခန့်အား လည်းကောင်း အသီးသီးဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။
MOHA
