ယူကရိန်းသာ နျူကလီးယား နည်းပညာရရှိပါက ရုရှားအနေဖြင့် မည်သည့်လက်နက်ကိုမဆို အသုံးပြုရမည်ဟုဆို

News Image

  • ယူကရိန်းသာ နျူကလီးယား နည်းပညာရရှိပါက ရုရှားအနေဖြင့် မည်သည့်လက်နက်ကိုမဆို အသုံးပြုရမည်ဟုဆို

ယူကရိန်းနိုင်ငံသာ နျူကလီးယားနည်းပညာများ ရရှိခဲ့ပါက ရုရှားနိုင်ငံအနေဖြင့် မဟာဗျူဟာမြောက်မဟုတ်သော နျူကလီးယား လက်နက်များအပါအဝင် မည်သည့်လက်နက် အမျိုးအစားကိုမဆို အသုံးပြုရမည်ဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမီထရီမက်ဗီဒက်က ဖေဖော်ဝါရီလ ၂၄ ရက်တွင် ပြောသည်။

ယူကရိန်းသို့ ထိုကဲ့သို့သော နည်းပညာများရောက်ရှိလာပါက ရုရှားနိုင်ငံကိုခြိမ်းခြောက်နေသည့် ယူကရိန်းရှိပစ်မှတ်များကို မည်သည့်လက်နက်ဖြင့်မဆို တိုက်ခိုက်ရမည်မှာ     သံသယဖြစ်ဖွယ်မရှိကြောင်း မက်ဗီဒက်က သတင်းဌာနတစ်ခုသို့ ပြောခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့သည် ယူကရိန်းထံ နျူကလီးယားလက်နက်များ လွှဲပြောင်းပေးရန် ပြင်ဆင်နေကြောင်း ရုရှားနိုင်ငံပြည်ပ ထောက်လှမ်းရေးဌာနက ထုတ်ပြန်ထားသည်။ ဗြိတိန်နှင့် ပြင်သစ်ရှိအထက်တန်းလွှာများသည် ရှုံးနိမ့်မှုကိုလက်ခံလိုခြင်းမရှိဘဲ ယူကရိန်းကို အဏုမြူဗုံးများ သို့မဟုတ် ညစ်ညမ်းဗုံးများ တပ်ဆင်ပေးရန် ကြိုးပမ်းနေကြောင်း၊ ယင်းကြိုးပမ်းမှုမှာ နိုင်ငံတကာဥပဒေနှင့်  နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်ကို ပြင်းထန်စွာချိုးဖောက်ခြင်းဖြစ်ကြောင်း၊ယူကရိန်းအနေဖြင့် နျူကလီးယားလက်နက်ကို ထုတ်လုပ်နိုင်သည့် အသွင်မျိုးဖြစ်အောင် အနောက်အုပ်စုက ဖန်တီးနေပြီး ယခုကဲ့သို့ အန္တရာယ်ရှိသော အစီအစဉ်များက လက်တွေ့ဘဝနှင့် ကင်းကွာနေကြောင်း ရုရှားတပ်မတော်နှင့်  ထောက်လှမ်းရေးဌာနက သတိပေးထားသည်။

MWD