ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေး

News Image

  • ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေး

ပဲခူး   ဖေဖော်ဝါရီ   ၂၃

      ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်စီစဉ်မှုဖြင့် (၃၉)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှု  ဆောင်ရွက်ပေးနေမှုကို   ယနေ့နံနက်ပိုင်းတွင်   ပဲခူးမြို့ အထွေထွေရောဂါကု ဆေးရုံကြီး၌ ပြုလုပ်သည်။

ဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက ပဲခူးမြို့ ခုတင်(၅၀၀) ဆံ့  အထွေထွေရောဂါကုဆေးရုံကြီးတွင်   ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူနေကြသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေး ကုသပေးနေမှု၊  ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေး နေမှုနှင့် ရေသန့်၊ ကော်ဖီနှင့် အာဟာရမုန့်များ   အခမဲ့တိုက်ကျွေးနေမှုကို  ကြည့်ရှုအားပေးသည်။

ထို့နောက် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားပြီး အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား  စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက်မရှိစေရေး ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ပဲခူးတိုင်းဒေသကြီး   အစိုးရအဖွဲ့၏ ဦးဆောင်စီစဉ်မှုဖြင့်  လစဉ်တိုင်းဒေသကြီးအတွင်း မြို့နယ် ၂၈ မြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးများ၌ ကျန်းမာရေးစောင့်ရှောက်မှု  စစ်ဆေးပေးခြင်း၊   လူနာတစ်ဦးလျှင် အခမဲ့ ဆေးဝါးတစ်လစာ လစဉ်ထောက်ပံ့ပေးခြင်းအပြင်  ကာကွယ်ဆေးထိုးပေးခြင်းနှင့် အခြေခံစားသုံးကုန်များအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတို့၌ အခြေခံပညာ မူလတန်းအဆင့် Grade - 5 နှင့် အခြေခံပညာအလယ်တန်းအဆင့် Grade - 9 ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲ ဖြေဆိုနေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

MWD