ဒဂုံစတားယူနိုက်တက် အသင်းက ရခိုင်ယူနိုက်တက် အသင်းကို တစ်လုံးတည်းသော ဂိုးဖြင့်အနိုင်ယူ
ရန်ကုန် ဖေဖော်ဝါရီ ၂၄
၂၀၂၅-၂၀၂၆ ရာသီ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၁၉)ပြိုင်ပွဲ၏ ပွဲစဉ်တစ်ပွဲဖြစ်သည့် ဒဂုံစတားယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ယနေ့ညနေပိုင်းတွင် သန်လျင် မြို့ သီဟဒီပကွင်း၌ယှဉ်ပြိုင်ကစားကြရာ ဒဂုံစတားယူနိုက်တက်အသင်းက ရခိုင်ယူနိုက်တက်အသင်းကို တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိသွားသည်။
ပထမပိုင်း ပွဲစသည်နှင့် ဒဂုံစတားယူနိုက်တက်အသင်းက ဘောလုံးပိုင်ဆိုင်မှုဖြင့် ရခိုင်ယူနိုက်တက်အသင်းဘက်ကို ထိုးဖောက်ကစားခဲ့သလို ရခိုင်ယူနိုက်တက်အသင်းကလည်း တန်ပြန်တိုက်စစ်ဖြင့် အကောင်းဆုံး ဂိုးခြိမ်းခြောက်နိုင်ခဲ့ပြီး ဂိုးမရှိသရေဖြင့်သာ ပထမပိုင်း ပြီးဆုံးခဲ့သည်။
ဒုတိယပိုင်းပြန်စသည်နှင့်နှစ်ဖက်အသင်း တိုက်စစ်မြှင့်ကစားလာကြသည်။ ပွဲကစားချိန် ၇၆ မိနစ်တွင် ရန်ကျော်ထွေး၏ပေးပို့မှုကနေ ဆော်လမာန်က အကောင်းဆုံးသွင်းယူနိုင်ခဲ့၍ ဒဂုံစတားယူနိုက်တက် အသင်း ဦးဆောင်ဂိုးရရှိပြီး အဆိုပါတစ်လုံးတည်းသော ဂိုးဖြင့်ပင် ရခိုင်ယူနိုက်တက် အသင်းကို အနိုင်ရရှိသွားကြောင်း သိရသည်။
MWD
