ရီးယဲလ်မက်ဒရစ်အသင်းက လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် အန်ဇိုဖာနန်ဒက်အား ခေါ်ယူရန်ပြင်ဆင်

News Image

  • ရီးယဲလ်မက်ဒရစ်အသင်းက လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် အန်ဇိုဖာနန်ဒက်အား ခေါ်ယူရန်ပြင်ဆင်

မက်ဒရစ်  ဖေဖော်ဝါရီ  ၂၄

     ရီးယဲလ်မက်ဒရစ်အသင်းက    လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီး အသင်းမှ ကွင်းလယ်ကစားသမား ဖာနန်ဒက်အား ခေါ်ယူရန် ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ အပြင် အသင်းမှ  ကွင်းလယ်ကစားသမား ကာမာဗင်ဂါကို  အလိုက်ပေးပြီး   ခေါ်ယူရန်ပြင်ဆင်နေကြောင်း သိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်းကွင်းလယ်ပိုင်းတွင် ကက်စ်မဲရိုး၊ မိုဒရစ်နှင့် တိုနီခရူးတို့ထွက်ခွာ ပြီးနောက်ပိုင်းတွင် ကစားသမားသစ်များနှင့်အစားထိုးခဲ့သော်လည်း လိုအပ်ချက်များရှိနေသည့်အတွက် လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလ တွင် အသင်းကွင်းလယ်ပိုင်းကို ကြီးကြီးမားမား အပြောင်းအလဲ လုပ်ဆောင်လိုနေခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်းကွင်းလယ်ပိုင်းတွင်  ဗယ်ဗာဒီတစ်ဦးတည်းကိုသာ ချန်ထားပြီး ဘယ်လင်ဟမ်၊  ကာမာဗင်ဂါ၊ ချူအာမန်ဒီ   စသည့် ကစားသမားများကိုရောင်းချပြီး ထိပ်တန်းကစား သမားများနှင့် ပြန်လည်အစားထိုးလို နေခြင်းဖြစ်သည်။

အသက် ၂၅ နှစ်အရွယ် အန်ဇိုဖာနန်ဒက်သည် ၂၀၂၂ ခုနှစ်က  ဘင်ဖီကာအသင်းမှ  ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက်  ပထမဆုံးဘောလုံး ရာသီတွင်   ရုန်းကန်ခဲ့ရသော်လည်း   နောက်ပိုင်း ဘောလုံးရာသီများတွင် အကောင်းဆုံး ခြေစွမ်းပြနိုင်ပြီးနောက်  ရီးယဲလ်မက်ဒရစ်အသင်းက အစောပိုင်း ကတည်းက ခေါ်ယူရန်ကြိုးပမ်းနေပြီး လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် ပြောင်း‌ရွှေ့ ကြေးအပြင် ကာမာဗင်ဂါကို အလိုက်ပေးပြီး ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း သိရသည်။ 

MWD