သမ္မတ ထရမ့်သည် Mar-a-Lago အပန်းဖြေစခန်းမှနေ၍ တိုက်ခိုက်မှုများကို စောင့်ကြည့်လျက်ရှိကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတစ်ဦးက ပြောကြား

News Image

  • သမ္မတ ထရမ့်သည် Mar-a-Lago အပန်းဖြေစခန်းမှနေ၍ တိုက်ခိုက်မှု များကို စောင့်ကြည့်လျက်ရှိကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတစ်ဦးက ပြောကြား

သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နိုင်ငံအပေါ် အမေရိကန်၏ တိုက်ခိုက်မှု များကို ၎င်း၏ မာရာလာဂို (Mar-a-Lago) အပန်းဖြေစခန်းမှနေ၍ ဆက်လက်စောင့်ကြည့်နေကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

၎င်းသည် အဆိုပါတိုက်ခိုက်မှုများပြုလုပ်ရခြင်း၏ အကြောင်းရင်းကို ရှင်းလင်းတင်ပြသည့် ဗီဒီယိုသတင်းစကားတစ်ခုကို ထုတ်ပြန်ခဲ့ပြီး အီရန်ပြည်သူများအနေဖြင့် အစိုးရကို လွှဲပြောင်းရယူရန် တိုက်တွန်းခဲ့ သကဲ့သို့ အမေရိကန်နိုင်ငံသားများ၏ အသက်အန္တရာယ် ဆုံးရှုံးနိုင်ခြေ ရှိကြောင်းကိုလည်း သတိပေးပြောကြားခဲ့သည်။

အမေရိကန် တာဝန်ရှိသူများ၏အဆိုအရ အဆိုပါတိုက်ခိုက်မှုသည် တစ်ကြိမ် တစ်ခါတည်း ပြုလုပ်သည့် အသေးစားတိုက်ခိုက်မှုမျိုး မဟုတ်ဘဲ ရက်ပေါင်းများစွာ ကြာမြင့်မည့် "အကြီးစား စစ်ဆင်ရေး" (Major combat operations) ဖြစ်လာနိုင်ကြောင်း သိရှိရသည်။

အီရန်၏ ဒုံးကျည်တပ်ဖွဲ့များ၊ ရေတပ်နှင့် နျူကလီးယားဆိုင်ရာ အဆောက် အအုံများကို အဓိကထား တိုက်ခိုက်နေခြင်းဖြစ်သည်။ သမ္မတထရမ့်က အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) အနေဖြင့် လက်နက်ချရန် သို့မဟုတ် ချေမှုန်းခံရမည့်ဘေးနှင့် ရင်ဆိုင်ရန် သတိပေးထားသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂