စိန့်ပီတာစဘတ်မြို့ရှိ အစ္စရေးကောင်စစ်ဝန်ချုပ်ရုံးက ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများကိုရပ်ဆိုင်း
ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ အစ္စရေးကောင်စစ်ဝန်ချုပ်ရုံးသည် ၎င်းတို့၏ ကောင်စစ်ဝန်ဆိုင်ရာ ဝန်ဆောင်မှုပေးခြင်း လုပ်ငန်း များကို ရပ်ဆိုင်းလိုက်ကြောင်း အဆိုပါရုံးကထုတ်ပြန်သည်။
အစ္စရေးကောင် စစ်ဝန်ချုပ်ရုံးအနေဖြင့် ၂၀၂၆ ခုနှစ် မတ်လ ၂ ရက်မှစတင်၍ နောက်ထပ်အကြောင်းကြားစာ မထုတ်ပြန်မချင်း ကောင်စစ်ဝန်ဆိုင်ရာ ဝန်ဆောင်မှုများကို ပေးအပ်မည်မဟုတ်ဟု ၎င်းတို့၏ Telegram တွင်ဖော်ပြထားသည်။
ထို့ပြင် ပြည်သူများအနေဖြင့် ကောင်စစ်ဝန်ဆိုင်ရာ သတင်းအချက်အလက်များကို ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာများတွင် ဆက်လက်စောင့်ကြည့်ရန် ကောင်စစ်ဝန်ချုပ်ရုံးက တိုက်တွန်းထားကြောင်း သိရသည်။
Ref: Iv
MWD
MM-News-Category
