Skip to main content
presoffministry
  • ပင်မစာမျက်နှာ
  • ကျွန်ုပ်တို့အကြောင်း
  • သတင်းများ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    နိုင်ငံရေးကဏ္ဍသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    စီးပွားရေးကဏ္ဍသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    လူမှုရေးကဏ္ဍသတင်းများ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍသတင်းများ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း
  • ကဏ္ဍများ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    နိုင်ငံရေးကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    စီးပွားရေးကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    လူမှုရေးကဏ္ဍ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း
  • ဆောင်းပါးများ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ

    နိုင်ငံရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ

    စီးပွားရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ

    လူမှုရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍအကြောင်းဆောင်းပါးများ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ
  • ဆွေးနွေးချက်များ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ

    နိုင်ငံရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ

    စီးပွားရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ

    လူမှုရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍ

    • ယဉ်ကျေးမှု
    • ဘာသာရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ
  • အမေးအဖြေကဏ္ဍ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍ

    • ပြည်တွင်း
    • နိုင်ငံတကာ

    နိုင်ငံရေးကဏ္ဍ

    • ပြည်တွင်း
    • နိုင်ငံတကာ

    စီးပွားရေးကဏ္ဍ

    • ပြည်တွင်း
    • နိုင်ငံတကာ

    လူမှုရေးကဏ္ဍ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေ

    • ပြည်တွင်း
    • နိုင်ငံတကာ
  • ဆက်သွယ်ရန်

en-language-menu

  • English

လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်ခြင်း

yoonpresoff Sun, 03/01/2026 - 16:50

News Image

  • လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်ခြင်း

လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်ခြင်း

moi

MM-News-Category
အထွေထွေသတင်း
အထွေထွေ-ပြည်တွင်းသတင်း

ဆက်စပ်သတင်းများ

အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အီရန်ရှိ ဘူရှာနျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံကိုရပ်ဆိုင်း
အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အီရန်ရှိ ဘူရှာနျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံကိုရပ်ဆိုင်း
အမေရိကန်နှင့်      အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့်    အီရန်နိုင်ငံတောင်ပိုင်းရှိ      ဘူရှာနျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရပ်ဆိုင်းထားကြောင်း ရုရှားနိုင်ငံပိုင်  ရိုဆာတွန် နျူကလီးယားကော်ပိုရေးရှင်းက မတ်လ ၃ ရက်တွင်ထုတ်ပြန်သည်။ရိုဆာတွန်ကော်ပိုရေးရှင်းသည် အဆိုပါစက်ရုံ၏     ဒုတိယနှင့်တတိယမြောက် စွမ်းအင်ယူနစ်များကို  တည်ဆောက်နေသည့် အဓိက ကုမ္ပဏီဖြစ်ပြီး လက်ရှိတွင် အဆိုပါစက်ရုံအတွင်း၌ ရုရှားဝန်ထမ်း ၆၃၉ ဦးကျန်ရှိနေဆဲဖြစ်ကြောင်း   ရိုဆာတွန် ကော်ပိုရေးရှင်းမှ ညွှန်ကြားရေးမှူးချုပ် အလက်ဆီလီခါချက်ဗ်ကပြောသည်။လက်ရှိတွင် ရိုဆာတွန်ကော်ပိုရေးရှင်းအနေဖြင့်   ဝန်ထမ်းများနှင့် ၎င်းတို့၏ ကလေးသူငယ်များ အပါအဝင်    လူပေါင်း ၁၀၀ နီးပါးကို ပြီးခဲ့သည့် သီတင်းပတ်အကုန်ပိုင်းက    အီရန်နိုင်ငံမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီးဖြစ်သည်။ ထို့ပြင် ကျန်ရှိနေသည့် ဝန်ထမ်းများအနက် ၁၅၀ မှ ၂၀၀ ဦးခန့်ကို ထပ်မံရွှေ့ပြောင်းပေးရန် စီစဉ်ထားကြောင်း သိရသည်။Ref: RTMWD
Wed, 4-Mar-2026
အရှေ့အလယ်ပိုင်းဒေသ မတည်ငြိမ်မှုများ ဖြစ်ပွားနေစဉ်အတွင်း ရော်နယ်ဒို ၏လေယာဉ် ဆော်ဒီအာရေဗျနိုင်ငံမှ ထွက်ခွာသွား
အရှေ့အလယ်ပိုင်းဒေသ မတည်ငြိမ်မှုများ ဖြစ်ပွားနေစဉ်အတွင်း ရော်နယ်ဒို၏ လေယာဉ် ဆော်ဒီအာရေဗျနိုင်ငံမှ ထွက်ခွာသွား
အရှေ့အလယ်ပိုင်းဒေသ မတည်ငြိမ်မှုများမြင့်တက်လာပြီး အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်မှုများပြုလုပ်နေစဉ်အတွင်း ရော်နယ်ဒို ၏ ကိုယ်ပိုင်လေယာဉ်သည် ဆော်ဒီအာရေဗျနိုင်ငံမှ ထွက်ခွာသွားခဲ့သည်။ ယနေ့ (မတ် ၃) နံနက်အစောပိုင်းတွင် ရီယာ့ဒ်မြို့ရှိ အမေရိကန် သံရုံးသည် ဒရုန်းနှစ်စင်းဖြင့် တိုက်ခိုက်ခံရသဖြင့် အဆောက်အအုံ မီးလောင်ကျွမ်းမှုနှင့် ပျက်စီးမှုအနည်းငယ်ရှိခဲ့ကြောင်း ဆော်ဒီအာရေဗျ ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့သည်။Flightradar24 ၏ အချက်အလက်များအရ ရော်နယ်ဒို၏ Bombardier Global Express 6500 လေယာဉ်သည် ရီယာ့ဒ်မြို့ရှိ King Khalid အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မက်ဒရစ်မြို့သို့ ဗဟိုဥရောပစံတော်ချိန် နံနက် ၁:၃၂ နာရီ တွင် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ လေယာဉ်သည် အီဂျစ်နိုင်ငံနှင့် မြေထဲပင်လယ်ကို ဖြတ်ကျော်ကာ အနောက်ဘက်သို့ ပျံသန်းပြီးနောက် စပိန်နိုင်ငံသို့ ဆိုက်ရောက်ခဲ့သည်။ သို့သော် အသက် ၄၁ နှစ်အရွယ် စူပါစတား ရော်နယ်ဒိုနှင့် ၎င်း၏ မိသားစုဝင်များ ထိုလေယာဉ်ပေါ်တွင် ပါဝင်ခြင်း ရှိ၊ မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။အဆိုပါ Bombardier Global Express 6500 လေယာဉ်သည် အတွင်းပိုင်းပြင်ဆင်မှုအပေါ် မူတည်၍ ကန်ဒေါ်လာ သန်း ၈၀ ခန့် တန်ကြေး ရှိပြီး ခရီးသည် ၁၇ ဦးအထိ လိုက်ပါနိုင်သည်။ ၎င်းတွင် ခေတ်မီ ထိုင်ခုံများ၊ ဇိမ်ခံဆိုဖာများ၊ သီးသန့်အခန်းများ၊ အလုပ်လုပ်ရန်နေရာနှင့် ထမင်းစားခန်းများ ပါဝင်သည်။ အဆိုပါလေယာဉ်ကို မဝယ်ယူမီက ရော်နယ်ဒိုသည် ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ၂၂ သန်းဖြင့် ဝယ်ယူခဲ့သော ၎င်း၏ Gulfstream G200 လေယာဉ်ဟောင်းကို ပြန်လည် ရောင်းချခဲ့သည်။ဒေသတွင်းပဋိပက္ခများမှာ ပြင်းထန်နေဆဲဖြစ်ပြီး တင်းမာမှုများကြောင့် ဘောလုံးပွဲစဉ်များကိုလည်း အနှောင့်အယှက်ဖြစ်စေခဲ့ခြင်းကြောင့် အာရှ ဘောလုံးအဖွဲ့ချုပ် (AFC) က အနောက်အာရှဒေသတွင်းရှိ ကလပ်အသင်း ပြိုင်ပွဲအားလုံးကို ရွှေ့ဆိုင်းလိုက်ရာ မတ်လ ၄ ရက်နေ့တွင် ကစားရန် ရှိသည့် Al Nassr အသင်း၏ အဝေးကွင်းပွဲစဉ်လည်း ပါဝင်ခဲ့သည်။ ရော်နယ်ဒိုသည် ဖေဖော်ဝါရီ ၂၈ ရက်က Al Fahya ကို ၃-၁ ဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ပါဝင်ကစားခဲ့သော်လည်း ဒဏ်ရာကြောင့် ပွဲမပြီးခင် လူစားလဲခဲ့ရသည်။ကိုးကား- VN Expressဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
Tue, 3-Mar-2026
ပြည်တွင်းသုံးစွဲရန် ဆီဖူလုံမှုရှိသော်လည်း ကမ္ဘာ့ဈေးနှုန်းနှင့်အညီ ဈေးတက်မည်ဖြစ်ကြောင်း ထိုင်းအစိုးရအတည်ပြု
ပြည်တွင်းသုံးစွဲရန် ဆီဖူလုံမှုရှိသော်လည်း ကမ္ဘာ့ဈေးနှုန်းနှင့်အညီ ဈေးတက်မည်ဖြစ်ကြောင်း ထိုင်းအစိုးရအတည်ပြု
ပြည်တွင်းသုံးစွဲရန်အတွက် စက်သုံးဆီလက်ကျန် အလုံအလောက်ရှိသော်လည်း ဈေးနှုန်းမြင့်တက်မှုကိုလျှော့ချရန် ထောက်ပံ့ကြေးများ (Subsidies) ပေးထားသည့်တိုင်အောင် ကမ္ဘာ့ဈေးနှုန်း မြင့်တက်လာမှုနှင့်အညီ ပြည်တွင်းဈေးနှုန်းများလည်း လိုက်ပါမြင့်တက်လာမည် ဖြစ်ကြောင်း ထိုင်းအစိုးရက သတိပေးပြောကြားလိုက်သည်။အင်္ဂါနေ့ (မတ် ၃) က နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အရှေ့ အလယ်ပိုင်းအရေး အစည်းအဝေးအပြီး၌ ဝန်ကြီးချုပ် အနုတင် ချန်ဝီ ရာကူးလ် (Anutin Charnvirakul) က ပြောကြားရာတွင် ထိုင်းနိုင်ငံသည် တစ်ရက်လျှင် စက်သုံးဆီ လီတာ ၁၇၀ သန်း ထုတ်လုပ်သန့်စင်နိုင်ပြီး ပြည်တွင်းသုံးစွဲမှုမှာ တစ်ရက်လျှင် လီတာ ၁၃၀ သန်းသာ ရှိကြောင်း ဆိုသည်။လတ်တလောတွင် အစိုးရအနေဖြင့် တစ်ရက်လျှင် လီတာ ၇ သန်းခန့် တင်ပို့နေရသော လာအိုနိုင်ငံမှလွဲ၍ ကျန်ရှိသော ပြည်ပသို့ ဆီတင်ပို့မှု အားလုံးကို ရပ်ဆိုင်းထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ လာအို နိုင်ငံကို ချွင်းချက်အနေဖြင့် ဆက်လက်တင်ပို့ရခြင်းမှာ ထိုင်းနိုင်ငံသည် လျှပ်စစ်မီးအတွက် လာအိုနိုင်ငံအပေါ် တစ်စိတ်တစ်ပိုင်း မှီခိုနေရသောကြောင့် ဖြစ်သည်ဟု ဆိုသည်။"လက်ရှိအချိန်မှာ အကျပ်အတည်း မရှိသေးဘူးဆိုသည်ကို မိမိ အတည်ပြုပါသည်၊ မိမိတို့မှာ လုံလောက်သည့် စက်သုံးဆီအရန်အင်အား ရှိပါသည်၊ အရန်ဆီ ရက်ပေါင်း ၆၀ စာပဲရှိသည်ဆိုသည့် အစီရင်ခံစာတွေဟာ ရေနံစိမ်း (Crude Oil) ထပ်မံတင်သွင်းခြင်း မပြုတော့ဘူးဆိုသည့် ယူဆချက် အပေါ် အခြေခံထားတာပါ ၊ တကယ်တော့ ကျွန်တော်တို့အနေဖြင့် အရှေ့အလယ်ပိုင်းကတင်မကဘဲ အခြားအရင်းအမြစ်တွေကနေပါ ဆီတင်သွင်းနေခြင်း ဖြစ်ပါသည်" ဟု အနုတင်က ပြောကြားခဲ့သည်။အရှေ့အလယ်ပိုင်း ပဋိပက္ခသည် ဆီဈေးနှုန်းများအပေါ် သက်ရောက်မှုရှိလာမည်ကို ယာယီဝန်ကြီးချုပ်က ဝန်ခံခဲ့သော်လည်း ၎င်း၏ အစိုးရ အနေဖြင့် စက်သုံးဆီ၊ ဂတ်စ် နှင့် အခြားမရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ၏ လက်လီဈေးနှုန်းများကို တည်ငြိမ်အောင် အကောင်းဆုံး ကြိုးစား ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဝီရာပတ် ကီယတ် ဖျောင်ဖူး (Veerapat Kiatfuengfoo) က အင်္ဂါနေ့ (မတ် ၃) နံနက်ပိုင်းတွင် အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပိတ်လိုက်ပြီဟု ကြေညာခဲ့ကြောင်း ပြောကြားသည်။ ထို့ကြောင့် ကုန်သည်များအနေဖြင့် အရန်ဆီလုံလောက်မှုရှိစေရန်အတွက် အမေရိက၊ အနောက် အာဖရိကနှင့် မလေးရှားကဲ့သို့သော အခြားအရင်းအမြစ်များမှ ဆီများကို ဝယ်ယူရန် ညွှန်ကြားထားကြောင်း သိရှိရသည်။စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဆီဈေးနှုန်းမြင့်တက်မှုကို ထောက်ပံ့ကူညီရန် (Subsidise) 'စက်သုံးဆီရန်ပုံငွေ' (Oil Fuel Fund) ကို အသုံးပြုသွားမည်ဖြစ်သည်။ သို့သော်လည်း ပြည်တွင်း စက်သုံးဆီဆိုင်ဈေးနှုန်းများသည် ကမ္ဘာ့ရေနံဈေးနှုန်းများနှင့်အညီ ဆက်လက်မြင့်တက်နေဦးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။"မိဘပြည်သူများအနေဖြင့် စိုးရိမ်တကြီး ဆီများ ဝယ်ယူစုဆောင်းခြင်းမျိုးမပြုလုပ်ကြရန် မေတ္တာရပ်ခံချင်ပါသည် ၊ ဆီအမြောက်အမြားကို စနစ်တကျမဟုတ်ဘဲသိုလှောင်ခြင်းက ဥပဒေနှင့်မကင်းသလို အန္တရာယ်လည်း အလွန်များပါသည် ၊ ထိုင်းနိုင်ငံမှာ ပြည်တွင်းသုံးစွဲရန် အရန်ဆီ အလုံအလောက်ရှိသည်ကို စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ယုံကြည်မှုအပြည့် ရှိပါသည်" ဟု ဝီရာပတ်က ပြောကြားခဲ့သည်။ကိုးကား- Bangkok Postဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
Tue, 3-Mar-2026
မြန်မာနိုင်ငံသားများ ထိုင်းနယ်စပ်မြို့တွင် စက်သုံးဆီများ တိုးဝှေ့ဝယ်ယူနေ
မြန်မာနိုင်ငံသားများ ထိုင်းနယ်စပ်မြို့တွင် စက်သုံးဆီများ တိုးဝှေ့ဝယ်ယူနေ
အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ပွဲများကြောင့် စက်သုံးဆီ စျေးနှုန်းများ စတင်မြင့်တက်လာသည့်အတွက် မြန်မာနိုင်ငံသားများသည် တာ့ခ်ခရိုင် (Tak province) ရှိ မဲဆောက်မြို့တွင် ဆီဖြည့်ရန် ထိုင်းနိုင်ငံဘက်သို့ အုပ်စုလိုက်အပြုံလိုက် ဖြတ်ကျော်ဝင်ရောက်လျက်ရှိသည်။ကရင်ပြည်နယ်၊ မြဝတီမြို့ဘက်မှ ဝင်ရောက်လာသော မော်တော်ယာဉ်အများစုမှာ ခရီးသည်တင် မှန်လုံယာဉ် (Vans) များဖြစ်ကြပြီး သောင်းရင်းမြစ်ကို ဖြတ်ကျော်ထားသည့် ပထမ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားမှတစ်ဆင့် ဝင်ရောက်လာကြခြင်းဖြစ်သည်။ ဓာတ်ပုံမှတ်တမ်းတစ်ခုတွင် တွေ့ရှိရသည့် ဖြစ်ရပ်တစ်ခု၌ ယာဉ်မောင်းတစ်ဦးသည် ၎င်း၏ယာဉ်အတွင်းရှိ ဆီတိုင်ကီထဲသို့ ဆီပမာဏ အများဆုံးဝင်ဆံ့စေရန်အတွက်ကားကိုလှုပ်ခါပြီး လျှံထွက်လုနီးပါးအထိ ဖြည့်တင်းနေသည်ကို တွေ့ရှိ ခဲ့ရသည်။အဆိုပါ လာရောက်ဆီဖြည့်သူ များပြားလာမှုကြောင့် မဲဆောက်မြို့ခံများအကြား စက်သုံးဆီ ပြတ်လပ်သွားနိုင်သည်ဟူသော စိုးရိမ်မှုများမြင့်တက်လာပြီး ၎င်းတို့ကိုယ်တိုင်လည်း ဆီဖြည့်ရန် အပြေးအလွှား သွားရောက်ခဲ့ကြသည်။PTT နှင့် Bangchak ကုမ္ပဏီတို့က ပြည်တွင်းအရန်ဆီ လုံလောက်မှုရှိသဖြင့် လတ်တလောတွင် ဈေးနှုန်းကိုထိန်းထားမည်ဟု ပြောကြား သော်လည်း အခြားပြိုင်ဘက် ကုမ္ပဏီအချို့မှာမူ ဆီဆိုင်များတွင် ဈေးနှုန်းများ စတင်မြှင့်တင်နေပြီဖြစ်သည်။ Shell ကုမ္ပဏီသည် အင်္ဂါနေ့ (မတ် ၃) တွင် ဒီဇယ်ဈေးကို တစ်လီတာလျှင် ၄.၂၀ ဘတ် နှင့် Gasohol ကို ၁.၅၀ ဘတ် မြှင့်တင်ခဲ့သည်။ Caltex ကလည်း ဒီဇယ်ဈေးကို ၁.၈၀ ဘတ် နှင့် Gasohol အများစုကို တစ်လီတာလျှင် ၀.၉၀ ဘတ် အသီးသီး မြှင့်တင်ခဲ့သည်။ပြီးခဲ့သည့် စနေနေ့ (ဖေဖော်ဝါရီ ၂၈) က အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများစတင်ခဲ့ပြီးနောက် ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းမှာ ၁၀% မှ ၁၅% ခန့်အထိ မြင့်တက်လာခဲ့ရာ ရှေ့ဆက်၍ ဆီဈေးနှုန်းများထပ်မံမြင့်တက်လာနိုင်ခြေရှိသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်းနေကြသည်။မဲဆောက်မြို့ရှိ ဆီဆိုင်များတွင် ယာဉ်မောင်းများတန်းစီစောင့်ဆိုင်းနေကြသဖြင့် လူတန်းရှည်ကြီးများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။ မြန်မာလိုင်စင်ရယာဉ်များသာမက ထိုင်းပုဂ္ဂလိကကားများနှင့် ကုန်တင်ကားများပါ တန်းစီနေကြခြင်းဖြစ်သည်။တာ့ခ်ခရိုင်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ်ဒေသသည် အွန်လိုင်းငွေလိမ်ဂိုဏ်းများက လျှပ်စစ်မီးထုတ်လုပ်ရန် အသုံးပြုခြင်းကိုတားဆီးနိုင်ရန်အတွက် မြန်မာနိုင်ငံသို့ စက်သုံးဆီတင်ပို့မှုကိုပိတ်ပင်ထားသည့် အစိုးရ၏ “ဖြတ်သုံးဖြတ် (Three Cuts)” မူဝါဒအောက်တွင် ရှိနေဆဲဖြစ်သည်။သို့သော်လည်း မြန်မာနိုင်ငံသားများအနေဖြင့် ပုဂ္ဂလိကယာဉ်များဖြင့် နယ်စပ်ဖြတ်ကျော်ကာ ဆီဖြည့်ခြင်းကိုမူ ခွင့်ပြုထားဆဲဖြစ်သည်။ကိုးကား- Bangkok Postဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
Tue, 3-Mar-2026
သင်္ဘောကုန်စည်ပို့ဆောင်ရေး အနှောင့်အယှက်များကြောင့် အိန္ဒိယ နိုင်ငံ သည် ရေနံစိမ်းထောက်ပံ့မှုဆိုင်ရာ ရိုက်ခတ်မှုဒဏ်ကို ပြင်းထန်စွာ ခံရ နိုင်ခြေရှိကြောင်း ကျွမ်းကျင်သူများ သုံးသပ်
သင်္ဘောကုန်စည်ပို့ဆောင်ရေး အနှောင့်အယှက်များကြောင့် အိန္ဒိယ နိုင်ငံသည် ရေနံစိမ်းထောက်ပံ့မှုဆိုင်ရာ ရိုက်ခတ်မှုဒဏ်ကို ပြင်းထန်စွာ ခံရနိုင်ခြေရှိကြောင်း ကျွမ်းကျင်သူများ သုံးသပ်
ကမ္ဘာ့အကြီးဆုံး ရေနံတင်သွင်းသည့် နိုင်ငံများထဲမှတစ်ခုဖြစ်သော အိန္ဒိယနိုင်ငံသည် အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် သင်္ဘောကုန်စည် ပို့ဆောင်ရေးလမ်းကြောင်းများ ရေရှည်အနှောင့်အယှက်ဖြစ်လာပါက ရေနံစိမ်းထောက်ပံ့မှုဆိုင်ရာ ရိုက်ခတ်မှုဒဏ်ကို အပြင်းထန်ဆုံးခံရနိုင်သည့် နိုင်ငံများထဲတွင် ပါဝင်လာနိုင်ပါသည်။အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ကို ဖြတ်သန်းလာသည့် ရေနံစိမ်းများကို အဓိကဝယ်ယူသူများ ဖြစ်ကြ သော်လည်း ကမ္ဘာ့လူဦးရေအများဆုံးဖြစ်သည့် အိန္ဒိယနိုင်ငံသည် အိမ်နီးချင်း တရုတ်နိုင်ငံထက် ရေနံသိုလှောင်ထားနိုင်မှုပမာဏ ပိုမိုနည်းပါးသဖြင့် ပိုမိုစိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့သည်။စွမ်းအင်ဆိုင်ရာ အကြံပေးလုပ်ငန်းတစ်ခုဖြစ်သည့် Kpler မှ လေ့လာဆန်းစစ်သူ Sumit Retolia ၏ ပြောကြားချက်အရ အိန္ဒိယ၏ "စီးပွားဖြစ် ရေနံစိမ်းသိုလှောင်ထားမှုမှာ စည်ပေါင်း သန်း ၁၀၀ ခန့် ရှိသည်" ဟု သိရှိရသည်။ "ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် တစ်နေ့လျှင် ပျမ်းမျှ ရေနံစည် ၂.၅ သန်းခန့် တင်သွင်းနေရသည့် အခြေအနေတွင်... အကယ်၍ ရေနံတင်သွင်းမှု ရပ်ဆိုင်းသွားသည့် အခြေအနေမျိုးဖြစ်ပေါ်လာပါက ယခုရှိနေသော စုစုပေါင်း အရန်သိုလှောင်မှုများသည် သီအိုရီအရ ရက်ပေါင်း ၄၀ မှ ၄၅ ရက်စာ တင်သွင်းမှုအတွက်သာ လုံလောက်နိုင်မည်ဖြစ်သည်" ဟု ၎င်းက တနင်္လာနေ့ (မတ် ၂) တွင် ပြောကြားခဲ့သည်။အိန္ဒိယ ရေနံနှင့် သဘာဝဓာတ်ငွေ့ဝန်ကြီးဌာနက ၎င်းတို့၏ X လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် "လက်ရှိ ဖြစ်ပေါ်ပြောင်းလဲနေသော အခြေအနေ များကို အစဉ်တစိုက် စောင့်ကြည့်လျက်ရှိသည်" ဟု တနင်္လာနေ့ (မတ် ၂) တွင် ထုတ်ပြန်ခဲ့သည်။ယင်းအပြင် "နိုင်ငံအတွင်း အဓိက ရေနံထွက်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန်နှင့် ဈေးနှုန်းသင့်တင့်မျှတစေရန်အတွက် လိုအပ်သော ခြေလှမ်း မှန်သမျှကို လုပ်ဆောင်သွားမည်" ဟု ဝန်ကြီးဌာနက ထပ်လောင်း ပြောကြားခဲ့သည်။ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက Kpler ၏ အစီရင်ခံစာအရ အိန္ဒိယ နိုင်ငံသည် ဝါရှင်တန်၏ ဖိအားပေးမှုကြောင့် ရုရှားထံမှ ရေနံစိမ်းဝယ်ယူမှုကိုလျှော့ချခဲ့ပြီး အရှေ့အလယ်ပိုင်းမှ တင်သွင်းမှုများကို ပြန်လည်မြှင့်တင်ရန် ပြင်ဆင်နေပုံရကြောင်း ဖော်ပြခဲ့သည်။ သို့သော်လည်း ယခု အခါ အရှေ့အလယ်ပိုင်းတွင် အနှောင့်အယှက်များဖြစ်ပေါ်လာပါက အိန္ဒိယအနေဖြင့် အခြားသောရင်းမြစ်များမှ ရေနံကိုရှာဖွေရတော့မည် ဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက ဆိုသည်။အကယ်၍ အခြားသော အစားထိုးရေနံထောက်ပံ့မှုများကို အချိန်မီ မရရှိနိုင်ပါက အိန္ဒိယသည် "ရုရှားရေနံစိမ်း ဝယ်ယူမှုများကို ပြန်လည်မြှင့်တင် လာနိုင်ဖွယ်ရှိသည်" ဟု Kpler က ပြောကြားခဲ့သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် "ကမ္ဘာ့ရေနံဈေးနှုန်း အဆမတန် မြင့်တက်လာမှုကို ထိန်းညှိ ရာတွင် အထောက်အကူဖြစ်စေနိုင်သောကြောင့် သမ္မတ ထရမ့်ထံမှ ပြင်းထန်သော ဝေဖန်မှုများကို ရရှိလိမ့်မည်မဟုတ်ပါ" ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ကိုးကား- CNNPhoto: The Times of Indiaဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
Tue, 3-Mar-2026
(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တက္ကသိုလ်များနယ်မြေ (ရေဆင်း) ၌ ကျောင်းသား ကျောင်းသူများ အပန်းဖြေဌာန (Recreation Center) ဖွင့်လှစ်
(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တက္ကသိုလ်များနယ်မြေ (ရေဆင်း) ၌ ကျောင်းသား ကျောင်းသူများ အပန်းဖြေဌာန (Recreation Center) ဖွင့်လှစ်
နေပြည်တော် မတ် ၂ပြည်ထောင်စုနယ်မြေ နေပြည်တော်တက္ကသိုလ်များ နယ်မြေ (ရေဆင်း)၌ ကျောင်းသား ကျောင်းသူများ အပန်းဖြေဌာန (Recreation Center) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပါမောက္ခချုပ်များက တက္ကသိုလ်များနယ်မြေ (ရေဆင်း) ကျောင်းသား ကျောင်းသူများ အပန်းဖြေဌာန (Recreation Center) အဆောက်အအုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အဆောက်အအုံကမ္ပည်းကြေးပြားကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်ပက်ဖျန်းပေးကြသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယနေ့သည် မိမိတို့မြန်မာနိုင်ငံအတွက် အရေးပါသောနေ့တစ်နေ့ဖြစ်သည့် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နိုင်ငံတော်၏စားရေရိက္ခာဖူလုံရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အဆင့်မြင့်ပညာရပ်များကို သင်ကြားပို့ချပေးလျက်ရှိသော တက္ကသိုလ်များတည်ရှိရာ တက္ကသိုလ်များနယ်မြေ (ရေဆင်း) ၌ ကျောင်းသား ကျောင်းသူများ အပန်းဖြေဌာန (Recreation Center) ကို ဖွင့်လှစ်နိုင် ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ စားရေရိက္ခာဖူလုံရေးနှင့် သဘာဝသယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အဓိကကျသည့် ပညာရှင်လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနေသော ပညာ့ဗိမာန်ကြီးများတွင် ပညာသင်ယူလျက်ရှိကြသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် နိုင်ငံတော်ငြိမ်းချမ်းသာယာရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာနှင့် အာဟာရဖူလုံရေး၊ ရေရှည်တည်တံ့ပြီး အရည်အသွေးပြည့်ဝသော သဘာဝပတ်ဝန်းကျင်ဖြစ်ပေါ်ရေးအတွက် အရေးပါသည့် အဖိုးတန်လူ့စွမ်းအားအရင်း အမြစ်များဖြစ်ကြသည်နှင့်အညီ စာရိတ္တ၊ မိတ္တ၊ ဘောဂ၊ ဉာဏနှင့် ကာယ စသော ဗလ ငါးတန် အမှန်တကယ် ဖွံ့ဖြိုးကြရမည့်သူများလည်းဖြစ်ပါကြောင်း။ပညာသင်ယူစဉ်ကာလတွင်ရရှိခဲ့သည့် တက္ကသိုလ်များအချင်းချင်း ရင်းနှီးကျွမ်းဝင်မှု၊ နားလည်မှုများသည် လုပ်ငန်းခွင်အသီးသီး၌ တာဝန်ထမ်းဆောင်ကြချိန်တွင် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုအကျိုးကျေးဇူးများကို ဖြစ်ပေါ်စေမည်ဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်လိုက်သော ကျောင်းသား ကျောင်းသူများ အပန်းဖြေဌာန (Recreation Center)သည် တက္ကသိုလ်များ၏ ရင်းနှီးပေါင်းဖက်မှုကိုဖြစ်ပေါ်စေရန်၊ ကျောင်းသား ကျောင်းသူများ၏ အားကစားလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ပြီး ကိုယ်စိတ်အပန်းဖြေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးမှုများ တည်ဆောက်နိုင်ကြစေရန် ရည်ရွယ်တည်ဆောက်ပေးခြင်းဖြစ်၍ ထိရောက်အကျိုးရှိစွာ အသုံးပြုသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ရေဆင်းတက္ကသိုလ်များ ချစ်ကြည်ရေး ဘတ်စကက်ဘောပြိုင်ပွဲကို ကြည့်ရှုအားပေးသည်။တက္ကသိုလ်များနယ်မြေ (ရေဆင်း)ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများအသုံးပြုနိုင်ရန် ယနေ့ဖွင့်လှစ်လိုက်သည့် အပန်းဖြေဌာန (Recreation Center) ကို နိုင်ငံတကာအဆင့်မီ တည်ဆောက်ပေးထားပြီး ဖွဲ့စည်းထားပုံအရ ဘတ်စကက်ဘောနှင့် ဘော်လီဘောပြိုင်ပွဲများအပါအဝင် ခန်းမအတွင်း အားကစားပြိုင်ပွဲများကျင်းပနိုင်ကာ ပွဲကြည့်စင်တွင် စုစုပေါင်းဧည့်ပရိသတ် ၄၃၈ ဦး ကြည့်ရှုအားပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။moi
Tue, 3-Mar-2026

Information

  • Today Visitors: 434
  • Unique Visitor: 49008
  • Total Visitor: 431486

Event & Guidlines

Article
Forum & Discussion
Q&A

Contact

Ministry of the President's Office, Naypyidaw
presoffministry@gmail.com
067-3409722

Quick Link

Myanmar National Portal
Ministry of Information
Findings on the investigation of Electoral Frauds and Malpractices in 2020 Multi-party Democracy General Election

Archive

  • March 2026 (179)
  • February 2026 (1557)
  • January 2026 (1526)
  • December 2025 (1339)
  • November 2025 (1125)
Suggestion Box
Facebook Instagram Youtube
© Copyright 2024 SAC All Rights Reserved.