အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အီရန်ရှိ ဘူရှာနျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံကိုရပ်ဆိုင်း

News Image

  • အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အီရန်ရှိ ဘူရှာနျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံကိုရပ်ဆိုင်း

အမေရိကန်နှင့်      အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့်    အီရန်နိုင်ငံတောင်ပိုင်းရှိ      ဘူရှာနျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရပ်ဆိုင်းထားကြောင်း ရုရှားနိုင်ငံပိုင်  ရိုဆာတွန် နျူကလီးယားကော်ပိုရေးရှင်းက မတ်လ ၃ ရက်တွင်ထုတ်ပြန်သည်။

ရိုဆာတွန်ကော်ပိုရေးရှင်းသည် အဆိုပါစက်ရုံ၏     ဒုတိယနှင့်တတိယမြောက် စွမ်းအင်ယူနစ်များကို  တည်ဆောက်နေသည့် အဓိက ကုမ္ပဏီဖြစ်ပြီး လက်ရှိတွင် အဆိုပါစက်ရုံအတွင်း၌ ရုရှားဝန်ထမ်း ၆၃၉ ဦးကျန်ရှိနေဆဲဖြစ်ကြောင်း   ရိုဆာတွန် ကော်ပိုရေးရှင်းမှ ညွှန်ကြားရေးမှူးချုပ် အလက်ဆီလီခါချက်ဗ်ကပြောသည်။

လက်ရှိတွင် ရိုဆာတွန်ကော်ပိုရေးရှင်းအနေဖြင့်   ဝန်ထမ်းများနှင့် ၎င်းတို့၏ ကလေးသူငယ်များ အပါအဝင်    လူပေါင်း ၁၀၀ နီးပါးကို ပြီးခဲ့သည့် သီတင်းပတ်အကုန်ပိုင်းက    အီရန်နိုင်ငံမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီးဖြစ်သည်။ ထို့ပြင် ကျန်ရှိနေသည့် ဝန်ထမ်းများအနက် ၁၅၀ မှ ၂၀၀ ဦးခန့်ကို ထပ်မံရွှေ့ပြောင်းပေးရန် စီစဉ်ထားကြောင်း သိရသည်။

Ref: RT

MWD