အရှေ့အလယ်ပိုင်းဒေသတွင် အပစ်အခတ်ရပ်စဲရန်နှင့် တင်းမာမှုများလျှော့ချရန်အတွက် ဆုံးဖြတ်ချက် မူကြမ်းတစ်စောင်ကို ရုရှားပြင်ဆင်

News Image

  • အရှေ့အလယ်ပိုင်းဒေသတွင် အပစ်အခတ်ရပ်စဲရန်နှင့် တင်းမာမှုများလျှော့ချရန်အတွက် ဆုံးဖြတ်ချက် မူကြမ်းတစ်စောင်ကို ရုရှားပြင်ဆင်

အရှေ့အလယ်ပိုင်း ဒေသတွင် လက်နက်ကိုင်ပဋိပက္ခများမြင့်တက်ဖြစ်ပွားနေစဉ် သက်ဆိုင်ရာနိုင်ငံများအကြား အပစ်အခတ် ရပ်စဲရန်နှင့် တင်းမာမှုများ လျှော့ချရန် တိုက်တွန်းထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်  မူကြမ်းတစ်စောင်ကို ရုရှားနိုင်ငံက ပြင်ဆင်လျက်ရှိသည်ဟု ခိုင်လုံသောသတင်းရင်းမြစ်တစ်ခုက မတ်လ ၉ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းပါ အချက်အလက်များအရ  သက်ဆိုင်ရာနိုင်ငံအားလုံးအနေဖြင့်   စစ်ရေးလှုပ်ရှားမှုများ ချက်ချင်း ရပ်တန့်ရန်နှင့် အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများထပ်မံမြင့်တက်လာခြင်း မရှိစေရေးအတွက် ထိန်းသိမ်းကြရန် တိုက်တွန်းထားကြောင်း RIA Novosti သတင်းဌာနက ဆုံးဖြတ်ချက်မူကြမ်းအားကိုးကား၍  ဖော်ပြထားသည်။

ထို့ပြင် အရပ်သားများနှင့် အရပ်ဘက်အခြေခံ အဆောက်အဦများအပေါ် တိုက်ခိုက်မှုအားလုံးကို ပြစ်တင်ရှုတ်ချထားပြီး နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေအပါအဝင် နိုင်ငံတကာဥပဒေများကိုလိုက်နာရန်နှင့်   အရပ်သားများကို အကာအကွယ်ပေးရန် အဆိုပါမူကြမ်း၌ တောင်းဆိုထားကြောင်း သိရသည်။                               

Ref: Iv

MWD