ရုရှားနိုင်ငံသားများအား အကူအညီပေးခဲ့သည့် အိမ်ရှင်အာရပ်စော်ဘွားများပြည်ထောင်စုကို ကျေးဇူးတင်ဟု ပူတင်ပြော

News Image

  • ရုရှားနိုင်ငံသားများအား အကူအညီပေးခဲ့သည့် အိမ်ရှင်အာရပ်စော်ဘွားများပြည်ထောင်စုကို ကျေးဇူးတင်ဟု ပူတင်ပြော

အရှေ့အလယ်ပိုင်းတွင် စစ်ရေးပဋိပက္ခမြင့်တက်နေစဉ် ရုရှားနိုင်ငံသားများအား အကူအညီပေးအပ်ခဲ့သည့် အိမ်ရှင်အာရပ် စော်ဘွားများ ပြည်ထောင်စုအား   ရုရှားသမ္မတဗလာဒီမာပူတင်က ကျေးဇူးတင်ရှိကြောင်း ရုရှားအစိုးရက မတ်လ ၁၁ ရက်တွင် ထုတ်ပြန်သည်။

ထို့ပြင်     အာရပ်စော်ဘွားများပြည်ထောင်စုခေါင်းဆောင်    ဇာယစ် အယ်လ်နာယန်၏ ၆၅ နှစ်ပြည့်မွေးနေ့အတွက်လည်း       ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး ကျန်းမာချမ်းသာစေကြောင်း   သမ္မတပူတင်က  ဆုမွန်ကောင်းတောင်းပေးခဲ့သည်။ 

ယင်းနောက် နှစ်နိုင်ငံခေါင်းဆောင်များသည် ရုရှားနှင့်အာရပ်စော်ဘွားများ ပြည်ထောင်စုတို့အကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး တိုးတက်လာမှုကို မှတ်တမ်းတင်ခဲ့ကြပြီး     အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများ မြင့်တက်လာသည့် အခြေအနေကိုလည်း ဆွေးနွေးခဲ့ကြကြောင်း   သိရသည်။                                    

  Ref: Iv

MWD