Myanmar Fight မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများကျင်းပ
ရန်ကုန် မတ် ၁၅
အားကစားနှင့်ကာယပညာဦးစီးဌာန မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် Myanmar Martial Art Group(MMAG)တို့ ပူးပေါင်းစီစဉ်မှုဖြင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က အဓိကပံ့ပိုး ကူညီကျင်းပသည့် 2026 Myanmar Fight မျိုးဆက်သစ်မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲများကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလမ်းရှိ သိမ်ဖြူအားကစားရုံ၌ ကျင်းပသည်။
အဆိုပါ မျိုးဆက်သစ်မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲတွင် အမျိုးသားသုံးချီ ထိုးနှစ်မိနစ်နားတွဲဆိုင်း ၁၀ ဆိုင်းပါဝင်ယှဉ်ပြိုင် ထိုးသတ်ခဲ့ကြသည်။ ကျော်ကြီး(ဇာမဏီမောင်)နှင့် ကောင်းဆက်မင်း(ရန်ကြီးအောင်)တို့ပွဲတွင် ပထမအချီပွဲစကတည်းက ဆိုင်ထိုးပြိုင် ထိုးကြရာ ကောင်းဆက်မင်း၏ လက်သီးချက်များထိမှန်ပြီး ကျော်ကြီးလေးကြိမ်တိုင် ပြုတ်ကျ၍ အမှတ်စဉ် ရေတွက်ခံရသည်။
ဒုတိယအချီတွင်လည်း ကျော်ကြီးအမှတ်စဉ်နောက်တစ်ကြိမ် ထပ်မံရေတွက်ခံရပြီး ကောင်းဆက်မင်း၏ လက်သီးတွဲလုံးများနှင့် ခတ်ခြေထိမှန်ကာ အနားတောင်းခဲ့ရသည်။
ကျော်ကြီး ဆက်လက်မယှဉ်ပြိုင်နိုင်၍ ကောင်းဆက်မင်းအလဲထိုးဖြင့် အနိုင်ရရှိသွားသည်။ ဖရန်စစ်(Nine)နှင့် ထွန်းလင်းအောင် (SF)တို့ပွဲတွင် ထွန်းလင်းအောင်က ပြိုင်ဘက်ကို ဖိအားပေးထိုးသတ်ခဲ့သော်လည်း ဒုတိယအချီပြီးသည်အထိ အဖြေက မပြောင်းလဲခဲ့ပေ၊ တတိယအချီ ပြန်စသည်နှင့် ထွန်းလင်းအောင်က လက်သီးတွဲလုံးများ၊ ခြေကန်ချက်များ၊ တံတောင်ရိုက်ချက်များသုံး၍ ထိုးသတ်ခဲ့ရာ နောက်ဆုံးဖရန်စစ်ဆက်လက်မယှဉ်ပြိုင်နိုင်တော့ဘဲ ထွန်းလင်းအောင်ကို အရှုံးပေးလိုက်ရသည်။
ထို့အတူ စောအဲဒို(STL)နှင့် တိမ်လွှာ(ကျားမနိုင်)တို့ပွဲတွင် တိမ်လွှာ၏ တံတောင်ရိုက်ချက်များ၊ ခတ်ခြေများ ဆက်တိုက်ထိမှန်၍ စောအဲဒို ဒုတိယအချီတွင် အမှတ်စဉ်နှစ်ကြိမ်တိုင် ရေတွက်ခံရပြီး အနားတောင်းခဲ့ရသည်။ တတိယအချီတွင် အမှတ်စဉ်တစ်ကြိမ် ထပ်မံရေတွက်ခံရပြီး ဆက်လက် မယှဉ်ပြိုင်နိုင်သည့်အတွက် ဒိုင်ပွဲရပ်ကာ တိမ်လွှာအနိုင်ရရှိသွားသည်။
အခြားပွဲစဉ်များဖြစ်သည့် သွင်သမိုင်း(ကျားမနိုင်)နှင့် မင်းမင်းခန့်(Nine)၊ စောထက်အောင်(SF)နှင့် မြတ်မင်းကို(တော်ဝင်ဧရာ)၊ ပိုင်ဇင်အောင်(MK-1)နှင့် သဲမောင်(ကျားမနိုင်)၊ ရန်မျိုးအောင်(YMA)နှင့် သူရဟိန်း(လုံးချော)၊ အယ်ဂွန်ဂျာ(အဖြူရောင်သွေးသစ်)နှင့် သားထွေး(ကျားမနိုင်)၊ ရွှေထီး(YMA)နှင့် ရဲခေါင်(အဖြူရောင်သွေးသစ်)တို့ပွဲစဉ်များ တွင် မျိုးဆက်သစ်လူငယ်များ ပီပီယှဉ်ပြိုင် ထိုးသတ်ကြသော်လည်း အနိုင်အရှုံးမပေါ်ဘဲ ပူးတွဲသရေသာရရှိခဲ့ကြပြီး ငရဲ(SF)နှင့် အောင်ကောင်းခန့်(Top One)တို့ပွဲတွင် ငရဲ၏ နောက်ပြန်ခြေကန်ချက်သည် အောင်ကောင်းခန့်၏သတ်မှတ်ကန့်သတ် နေရာအား မတော်တဆထိမှန်ခဲ့၍ ပထမအချီမှာပင် ပွဲပျက်သွားခဲ့သည်။
ဝန်းရံခ
MWD
