၂၀၂၆ အာရှသဲသောင်ပြင်ပြိုင်ပွဲတွင် မြန်မာတက်ဂ်ဘောအားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည်

News Image

  • ၂၀၂၆ အာရှသဲသောင်ပြင်ပြိုင်ပွဲတွင် မြန်မာတက်ဂ်ဘောအားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန်  မတ်  ၁၉

တရုတ်ပြည်သူ့သမ္မတနိုင်ငံ    Sanya မြို့၌  ၂၀၂၆ ခုနှစ် ဧပြီလ ၂၂ ရက်မှ ၃၀ ရက်အထိကျင်းပမည့် ၂၀၂၆ အာရှသဲသောင်ပြင်ပြိုင်ပွဲတွင် မြန်မာတက်ဂ်ဘော အားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲသည်    သဲသောင်ပြင်တွင်ကစားရမည်ဖြစ်၍ သဲသောင်ပြင်နှင့်ကစားသမားများ အသားကျစေရန် မြန်မာနိုင်ငံတက်ဂ်ဘော အဖွဲ့ချုပ်မှ  သဲကွင်းအသစ်ဖော်ဆောင်ပေးထားပြီး   လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိသည်။

သဲကွင်းမရှိခင်ကတည်းက ဖိနပ်မပါဘဲခြေပြောင်နဲ့ လေ့ကျင့်ခဲ့ပါတယ်။ အခုဆို မြန်မာနိုင်ငံတက်ဂ်ဘောအဖွဲ့ချုပ်က သဲကွင်းအသစ်ဖော်ဆောင်ပေးထားပါတယ်။    သဲကွင်းရောက်တော့လည်း မနက်နဲ့ညနှစ်ကြိမ်ခွဲလေ့ကျင့်နေကြပါတယ်။   သဲကွင်းမှာ

ကျတော့ သဲကိုရုန်းရတာတို့၊ လေတိုက်တာတို့ရှိတဲ့အတွက် ပိုပင်ပန်းပါတယ်။ ဒီပြိုင်ပွဲမှာ အကောင်းဆုံးဖြစ်အောင်ကစားသွားမှာပါ။ ဆီးဂိမ်းမှာရရှိခဲ့တဲ့ဆုတံဆိပ်တွေကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံအတွက်အာရှအဆင့်  ဆုတံဆိပ်တွေရရှိအောင် အများကြီး     ပိုကြိုးစားနေပါတယ်ဟု   လက်ရွေးစင်ကစားသမားတစ်ဦးကပြောသည်။

အဆိုပါ အာရှသဲသောင်ပြင်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်တက်ဂ်ဘောအသင်းအနေဖြင့် အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသား+အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ 

ပြိုင်ပွဲသုံးမျိုးအတွက်   ကစားသမားခြောက်ဦးရွေးချယ်ထားပြီး ယင်းကစားသမားများအား ပြည်တွင်းနည်းပြများအပြင် ဆီးဂိမ်း ပြိုင်ပွဲတွင် အတူလက်တွဲခဲ့သည့် ထိုင်းနည်းပြကိုပါ ငှားရမ်းသင်ကြားပေးလျက်ရှိကြောင်း၊ အာရှပြိုင်ပွဲဖြစ်၍ အင်အားကြီး ပြိုင်ဘက်အသင်းများ ပါဝင်လာမည်ဖြစ်ရာ   ဆုတံဆိပ်များရရှိရေး အစွမ်းကုန်   ကြိုးစားလေ့ကျင့်လျက်ရှိကြောင်း သိရသည်။                   

 ဝန်းရံခ

MWD