ကူဝိတ်နိုင်ငံရှိ Mina Al-Ahmadi ရေနံချက်စက်ရုံ ဒရုန်းဖြင့် တိုက်ခိုက်ခံရကြောင်း နိုင်ငံပိုင်မီဒီယာ ဖော်ပြ

News Image

  • ကူဝိတ်နိုင်ငံရှိ Mina Al-Ahmadi ရေနံချက်စက်ရုံ ဒရုန်းဖြင့် တိုက်ခိုက် ခံရကြောင်း နိုင်ငံပိုင်မီဒီယာ ဖော်ပြ

ကူဝိတ်သတင်းအေဂျင်စီ (KUNA) ၏ ဖော်ပြချက်အရ မီနာ အယ်လ်-အာမာဒီ (Mina Al-Ahmadi) ရေနံချက်စက်ရုံရှိ ယူနစ်တစ်ခုသည် ကြာသပတေးနေ့ (မတ် ၁၉) တွင် ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရပြီး မီးလောင်ကျွမ်းမှုအနည်းငယ်ဖြစ်ပွားခဲ့ကြောင်း ကူဝိတ် ရေနံကော်ပိုရေးရှင်း (Kuwait Petroleum Corporation) က ပြောကြားခဲ့သည်။

KUNA သတင်းဌာန၏ အဆိုအရ အဆိုပါတိုက်ခိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရှိရသည်။

မီနာ အယ်လ်-အာမာဒီ ရေနံချက်စက်ရုံသည် မြို့တော် ကူဝိတ်စီးတီး၏ တောင်ဘက် ၄၀ ကီလိုမီတာ (၂၅ မိုင်) ခန့်အကွာတွင် တည်ရှိသည်။ ကြာသပတေးနေ့ (မတ် ၁၉) အစောပိုင်းတွင်လည်း ကူဝိတ် လက်နက်ကိုင်တပ်ဖွဲ့များက နိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးစနစ်သည် ဒုံးကျည်နှင့် ဒရုန်းခြိမ်းခြောက်မှုများကို တုံ့ပြန်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ခဲ့သည်။

ကိုးကား- CNN

Photo: Türkiye Today

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂