Chery က စွမ်းဆောင်ရည်မြင့်မားပြီး တစ်ကြိမ်အားဖြည့်ရုံနဲ့ မိုင်ပေါင်း ၁၂၄၀ အထိ မောင်းနှင်နိုင်တဲ့ ကားအသစ်ကိုမိတ်ဆက်

News Image

  • Chery က စွမ်းဆောင်ရည်မြင့်မားပြီး တစ်ကြိမ်အားဖြည့်ရုံနဲ့ မိုင်ပေါင်း ၁၂၄၀ အထိ မောင်းနှင်နိုင်တဲ့ ကားအသစ်ကိုမိတ်ဆက်

     တရုတ်ကားကုမ္ပဏီကြီး Chery က စွမ်းဆောင်ရည် အလွန်မြင့်မားပြီး တစ်ကြိမ်အားသွင်းလိုက်ရုံနဲ့ မိုင်ပေါင်း ၁၂၄၀ အထိမောင်းနှင်နိုင်တဲ့ Fulwin T9L ဆိုတဲ့ကားအသစ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီကားကို 135 Air135 Pro၊ 230 Pro နဲ့ အဆင့်မြင့်ဆုံးဖြစ်တဲ့ 230 Max ဆိုပြီး အမျိုးအစားလေးမျိုးနဲ့ ထုတ်လုပ်တာဖြစ်တဲ့အတွက ်ဝယ်ယူသူရဲ့ စိတ်ကြိုက်ရွေးချယ်မှုအပေါ် မူတည်ပြီး စွမ်းဆောင်ရည်တွေ ကွဲပြားမှာပါ။ အထူးသဖြင့် အဆင့်မြင့်ဆုံး အမျိုးအစားမှာဆိုရင် အင်ဂျင်နဲ့လျှပ်စစ်မော်တာ ပေါင်းစပ်မှုကြောင့်ထွက်လာမယ့် စုစုပေါင်းစွမ်းအင်ဟာ ၃၇၅ ကီလိုဝပ်အထိ ရှိမှာဖြစ်လို့ သူ့ရဲ့အမျိုးအစားတူကားတွေထဲမှာ စွမ်းဆောင်ရည်မြင့် SUV တစ်စီးဖြစ်လာမှာပါ။

လျှပ်စစ်စွမ်းအင်သီးသန့်အသုံးပြုတာနဲ့တင် မိုင် ၈၀ ကနေ ၁၄၀ ကျော်အထိ မောင်းနှင်နိုင်မှာဖြစ်ပြီး အင်ဂျင်နဲ့ လျှပ်စစ်ပေါင်းစပ်လိုက်ရင်တော့ ခရီးမိုင်ပေါင်း ၁၂၀၀ ကျော်အထိ အေးအေးဆေးဆေး သွားနိုင်မှာဖြစ်ပါတယ်။ နည်းပညာပိုင်းမှာလည်း အဆင့်မြင့် စနစ်တွေဖြစ်တဲ့ Lidar ဆင်ဆာတွေ၊ စမတ်မောင်းနှင်မှုစနစ်တွေကို ထည့်ပေးထားလို့ ဘေးကင်းလုံခြုံမှုကို ပိုမိုစိတ်ချရစေမှာပါ။

ဒါ့အပြင် Chery ကုမ္ပဏီအနေနဲ့ ကားဝယ်ယူမယ့်သူတွေရဲ့ အကြံပြုချက်တွေကိုပါ ရယူဖန်တီးသွားမှာဖြစ်ပါတယ်။    

MWD