တရုတ်နိုင်ငံရဲ့ ရိုင်ဖယ်တပ်စက်ရုပ်ခွေးတွေက စုဖွဲ့တိုက်ခိုက်နိုင်တဲ့ စနစ်အသစ်ကို အသုံးပြုနိုင်

News Image

  • တရုတ်နိုင်ငံရဲ့ ရိုင်ဖယ်တပ်စက်ရုပ်ခွေးတွေက စုဖွဲ့တိုက်ခိုက်နိုင်တဲ့ စနစ်အသစ်ကို အသုံးပြုနိုင်

     တရုတ်နိုင်ငံရဲ့ ရိုင်ဖယ်တပ်စက်ရုပ်ခွေး အမြောက်အမြားဟာ ဒရုန်းအုပ်စုတွေလို ဦးနှောက်တစ်ခုတည်းကို မျှဝေသုံးစွဲပြီး စုဖွဲ့တိုက်ခိုက်နိုင်တဲ့ စနစ်အသစ်ကို အသုံးပြုကာ မြို့ပြရှင်းလင်းရေး စစ်ဆင်ရေးတွေကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဝံပုလွေအုပ်စုလိုမျိုး စုပေါင်းလှုပ်ရှားနိုင်တဲ့ ဒီစက်ရုပ်ခွေးတွေဟာ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ လုပ်ဆောင်နိုင်စွမ်းမြင့်မားအောင် တည်ဆောက်ထားပြီး ခက်ခဲတဲ့မြေပြင်အနေအထားတွေမှာပါ မြန်မြန်ဆန်ဆန်သွားလာနိုင်သလို ပစ္စည်းကိရိယာ အမြောက်အမြားကိုလည်း သယ်ဆောင်နိုင်ပါတယ်။ သူတို့ကို အသံနဲ့ဖြစ်စေ၊ လက်အိတ်နဲ့ဖြစ်စေ ထိန်းချုပ်နိုင်ပြီး တစ်နာရီကို ၁၅ ကီလိုမီတာနှုန်းအထိပြေးနိုင်ကာ အလေးချိန် ၂၅ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်စွမ်း ရှိပါတယ်။ 

ဒီစက်ရုပ်ခွေးတွေဟာ ဒရုန်းတွေနဲ့ပါ ပူးပေါင်းပြီး ဝေဟင်နဲ့မြေပြင် ဟန်ချက်ညီ စစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်တာကြောင့် အနာဂတ်စစ်ပွဲတွေရဲ့ပုံစံကို ပြောင်းလဲနိုင်တဲ့နည်းပညာတစ်ခု ဖြစ်လာမှာပါ။ ဒါ့အပြင်စက်ရုပ်တွေက ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပါ တိုက်ခိုက်လာနိုင်မှာဖြစ်တယ်လို့ ပညာရှင်များက ပြောပါတယ်။

MWD