ပါရှန်ပင်လယ်ကွေ့နိုင်ငံများစွာထံမှ ကာကွယ်ရေးဆိုင်ရာတောင်းဆိုမှုများကို လက်ခံရရှိထားကြောင်း ယူကရိန်း ပြောကြား

News Image

  • ပါရှန်ပင်လယ်ကွေ့နိုင်ငံများစွာထံမှ ကာကွယ်ရေးဆိုင်ရာ တောင်းဆိုမှုများကို လက်ခံရရှိထားကြောင်း ယူကရိန်း ပြောကြား

ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီး၏ ပြောကြားချက်အရ ဒရုန်း စစ်ဆင်ရေး (Drone Warfare) ဆိုင်ရာ ယူကရိန်း၏ ကျွမ်းကျင်မှုများကို ရယူရန်အတွက် ပါရှန်ပင်လယ်ကွေ့နိုင်ငံများက ကြိုးပမ်းလာကြရာတွင် ဘာရိန်းနှင့် အိုမန်နိုင်ငံတို့ထံမှလည်း ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရန် တောင်းဆိုမှုများလက်ခံရရှိထားကြောင်း သိရှိရသည်။

ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နှင့် ကာတာ နိုင်ငံတို့နှင့် သဘောတူညီချက်များ ရရှိထားပြီးဖြစ်ကြောင်း ဇီလန်စကီး က မတ်လ ၃၀ ရက်နေ့တွင် ပြောကြားခဲ့သည်။ ထို့အပြင် ယူကရိန်းသည် ဂျော်ဒန်နှင့် ကူဝိတ်နိုင်ငံတို့နှင့်လည်း ပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုသည်။

“ဘာရိန်းနှင့် အိုမန်နိုင်ငံတို့ဆီကနေ နောက်ထပ် တောင်းဆိုမှုတွေ ရရှိထားပါတယ်” ဟု ဇီလန်စကီးက ပြောကြားခဲ့သည်။ “ဒေသတွင်း နိုင်ငံတွေက မိမိတို့ အစိုးရ၊ ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ကျွမ်းကျင်ပညာရှင်များနှင့် အတူတကွ လက်တွဲလုပ်ဆောင်ဖို့ ဘုံရည်မှန်းချက် ရှိကြပါတယ်” ဟု ယူကရိန်းခေါင်းဆောင်က ဖြည့်စွက်ပြောကြားခဲ့သည်။

အီရန် ဒီဇိုင်းဖြင့် ရုရှားတွင် ထုတ်လုပ်ထားသော Shahed ဒရုန်းများကို ကိုင်တွယ်ဖြေရှင်းခဲ့သည့် ကိယက်ဗ်၏ အတွေ့အကြုံမှာ ယခုအခါ အလွန် တန်ဖိုးရှိလာခြင်း ဖြစ်သည်။ Shahed ဒရုန်းသည် အီရန်က လက်ရှိ အသုံးပြုနေသောလက်နက်များထဲမှ တစ်ခုဖြစ်သည်။

ကိုးကား- CNN

Photo: Defense News

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂