၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း ဗီယက်နမ်၏ ဂျီဒီပီတိုးတက်မှုနှုန်း ၇ ဒသမ ၈၃ ရာခိုင်နှုန်းအထိမြင့်တက်

News Image

  • ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း ဗီယက်နမ်၏ ဂျီဒီပီတိုးတက်မှုနှုန်း ၇ ဒသမ ၈၃ ရာခိုင်နှုန်းအထိမြင့်တက်

     ဗီယက်နမ်နိုင်ငံ၏ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း ဂျီဒီပီတိုးတက်မှုနှုန်းမှာ ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၇ ဒသမ ၈၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း    ဗီယက်နမ်အမျိုးသား စာရင်းအင်းရုံးက  ဧပြီလ ၄ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါ ဂျီဒီပီတိုးတက်မှုနှုန်းသည် လွန်ခဲ့သည့် ၁၆ နှစ်အတွင်း နှစ်တစ်နှစ်၏ ပထမသုံးလပတ်ကာလအတွက် အမြင့်ဆုံးတိုးတက်မှုနှုန်းဖြစ်လာကြောင်း VnExpress သတင်းစာတွင်ဖော်ပြထားသည်။

ကဏ္ဍအလိုက် တိုးတက်မှုအခြေအနေများတွင် စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းကဏ္ဍ၌ ယခင်နှစ်ထက် ၃ ဒသမ ၅၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး စက်မှုလုပ်ငန်းနှင့် ဆောက်လုပ်ရေးကဏ္ဍတွင် ၈ ဒသမ ၉၂ ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှုကဏ္ဍတွင်မူ  ၈ ဒသမ ၁၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်းသိရသည်။

ဗီယက်နမ်နိုင်ငံ၏ ဝန်ဆောင်မှုနှင့် ကုန်သွယ်ရေးကဏ္ဍများ အားကောင်းလာရခြင်း၏ အဓိကအားသာချက်မှာ နှစ်သစ်ကူးပွဲတော်ကာလအတွင်း ပြည်တွင်းစားသုံးမှု မြင့်တက်လာခြင်းနှင့်    နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ နိုင်ငံအတွင်းသို့ ဝင်ရောက်မှု တိုးတက်လာခြင်းတို့ကြောင့် ဖြစ်ကြောင်းသိရသည်။ 

MWD