ရုရှားနိုင်ငံ၌ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ရောနှော ထွက်ရှိရာ နေရာ ၄၁ ခုနှင့်  သတ္တုရိုင်းသိုက် ၂၇၆ ခုကို ရှာဖွေဖော်ထုတ်နိုင်ခဲ့

News Image

  • ရုရှားနိုင်ငံ၌ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ရောနှော ထွက်ရှိရာ နေရာ ၄၁ ခုနှင့်  သတ္တုရိုင်းသိုက် ၂၇၆ ခုကို ရှာဖွေဖော်ထုတ်နိုင်ခဲ့

     ရုရှားနိုင်ငံ၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရောနှောထွက်ရှိရာနေရာ ၄၁ ခုနှင့် အခြားတွင်းထွက် သတ္တုရိုင်းသိုက် ၂၇၆ ခုကို ၂၀၂၅ ခုနှစ်အတွင်း ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြော ကြားလိုက်သည်။

ရုရှားဘူမိဗေဒပညာရှင်များနှင့် အတွေ့အကြုံ ရင့်ကျက်သည့် ဝါရင့်ပညာရှင်များအနေဖြင့် ၎င်းတို့၏ အစဉ်အလာကောင်းများကို   မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်းလာခဲ့ကြခြင်း ဖြစ်သောကြောင့် နိုင်ငံ၏မြေအောက်သယံဇာတ တိုးတက်ဖော်ထုတ်ရေး လုပ်ငန်းများတွင် ခက်ခဲသောပြဿနာများကို ထိရောက်စွာ ဖြေရှင်းနိုင်ခြင်းဖြစ်ကြောင်း သမ္မတပူတင်က ပြောကြား၍ ၎င်းပညာရှင်များအတွက် ဂုဏ်ပြုလွှာကို  ဧပြီလ  ၅  ရက်တွင် ကရင်မလင်နန်းတော်၏ ဝက်ဆိုက်တွင် တင်ထားခဲ့ကြောင်း သိရသည်။

ထို့ပြင် ရုရှားသဘာဝ သယံဇာတ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏စိန်ရှာဖွေ  ထုတ်လုပ်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်သွားမည်ဖြစ်ကြောင်း    အဆိုပါဝန်ကြီးဌာနက ဧပြီလ ၅ ရက်တွင် ကြေညာထားသည်။ 

၂၀၂၅ ခုနှစ်တွင် အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းများမှ   စိန်ရှာဖွေရေးအတွက် အသုံးပြုသည့် စုစုပေါင်း  ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ရူဘယ် ၆ ဒသမ ၁ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် ၂၄  ရာခိုင်နှုန်း ခန့် တိုးမြှင့်ကာ ရူဘယ် ၇ ဒသမ ၆ ဘီလီယံအထိ   ရောက်ရှိရန်  လျာထားပြီးဖြစ်သည်။ 

MWD