ဥရောပဒေသ တစ်ဝန်းတွင် ဒီဇယ်ဆီဈေးနှုန်း ၃၀ ရာခိုင်နှုန်းကျော်မြင့်တက်

News Image

  • ဥရောပဒေသ တစ်ဝန်းတွင် ဒီဇယ်ဆီဈေးနှုန်း ၃၀ ရာခိုင်နှုန်းကျော်မြင့်တက်

      အရှေ့အလယ်ပိုင်းစစ်ပွဲ စတင်ဖြစ်ပွားချိန်မှစ၍  ဥရောပဒေသတစ်ဝန်းတွင် ဒီဇယ်ဆီဈေးနှုန်းသည်  ၃၀  ရာခိုင်နှုန်းကျော်မြင့်တက် လာခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဥရောပတစ်ဝန်း၌ အီစတာအားလပ်ရက် ကာလအတွင်း  ဒီဇယ်ဆီ လိုအပ်ချက်မှာ   မြင့်တက်လာမည်ဟု ခန့်မှန်းထားပြီး   လောင်စာဆီဆိုင်များတွင်လည်း မော်တော်ယာဉ်များ တန်းစီစောင့်ဆိုင်းမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ခန့်မှန်းထားသည်။

အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားသည့် စစ်ပွဲကြောင့်  ဒီဇယ်ဆီသည် အခြားလောင်စာဆီများနှင့် နှိုင်းယှဉ်ပါက ပိုမိုထိခိုက်မှုရှိပြီး စစ်ပွဲမစတင်မီကပင် ဒီဇယ်ဈေးနှုန်းမှာ ဖိအားများနှင့်ရင်ဆိုင်နေရသည့် အခြေအနေတွင် ရှိနေခဲ့သည်။ 

ထို့ပြင် ဟော်မုရေလက်ကြားမှတစ်ဆင့် လောင်စာဆီကုန်သွယ်မှုများ ပိတ်ဆို့နေသရွေ့ ဒီဇယ်ဆီဈေးနှုန်းမှာ ဆက်လက်မြင့်တက်နေမည်ဖြစ်ပြီး ၎င်း၏နောက်ဆက်တွဲ အကျိုးဆက်အဖြစ် ငွေကြေးဖောင်းပွမှုကိုလည်း ဖြစ်ပေါ်စေမည်ဟု ကျွမ်းကျင်သူများက    သုံးသပ်ထားကြောင်း သိရသည်။

ဥရောပဒေသတွင် ဧပြီလ ၂ ရက်နေ့က ဒီဇယ်ဆီ တစ်စည်လျှင်  အမေရိကန်ဒေါ်လာ ၂၀၀ ကျော် အထိမြင့်တက်ခဲ့ပြီး ၎င်းပမာဏသည် ၂၀၂၂ ခုနှစ်  မတ်လနောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

MWD