ရေအောက်မိုင်းရှင်းလင်းရေးလုပ်ငန်းကို ပိုမိုလွယ်ကူလာစေမယ့် ပြင်သစ်နိုင်ငံရဲ့ AI နည်းပညာသုံးစနစ်

News Image

  • ရေအောက်မိုင်းရှင်းလင်းရေးလုပ်ငန်းကို ပိုမိုလွယ်ကူလာစေမယ့် ပြင်သစ်နိုင်ငံရဲ့ AI နည်းပညာသုံးစနစ်

ပြင်သစ်အခြေစိုက် Thales ကုမ္ပဏီကရေအောက်မိုင်းတွေကို AI နည်းပညာအသုံးပြုပြီး အလိုအလျောက် ရှာဖွေဖော်ထုတ်နိုင်မယ့် စနစ်အသစ်တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ ဒီစနစ်အသစ်က ရေအောက်မိုင်းရှင်းလင်းရေးလုပ်ငန်းကို ပိုမိုလွယ်ကူလာစေမယ်လို့ ဆိုပါတယ်။

Expeditionary PathMaster လို့ခေါ်တဲ့ဒီစနစ်ဟာ ပင်လယ်ပြင်ရှိရေအောက်မိုင်းအန္တရာယ်တွေကို လူသားတွေတိုက်ရိုက် ထိတွေ့စရာမလိုဘဲ     ဘေးကင်းကင်းနဲ့ မြန်မြန်ဆန်ဆန် ရှင်းလင်းပေးနိုင်မှာပါ။

ဒီစနစ်မှာ ထူးခြားတာက AI နည်းပညာကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒါကြောင့် ရရှိလာတဲ့အချက်အလက်တွေကို သာမန်ထက်  လေးဆပိုမြန်အောင် တွက်ချက်ပေးနိုင်ပြီး မိုင်းဟုတ် မဟုတ်ဆိုတာကို ခွဲခြားရာမှာလည်း ၉၉ ရာခိုင်နှုန်းအထိ တိကျပါတယ်။

သူ့ကိုသယ်ဆောင်ရတာ လွယ်ကူတာကြောင့် ဆိပ်ကမ်းတွေ ဒါမှမဟုတ် သာမန်လှေငယ်လေးတွေပေါ်ကနေပါ အလွယ်တကူ ထိန်းချုပ်နိုင်တဲ့အပြင် မိုင်းရှာတာကအစ ဖျက်ဆီးတဲ့အထိ အဆင့်တိုင်းကို အလိုအလျောက် လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။                             

Ref: IE                                    

ကိုထက်

MWD