အမေရိကန်လေတပ်က လေသူရဲတိုက်ရိုက် ထိန်းချုပ်စရာမလိုတဲ့ Anduril ရဲ့ တိုက်ခိုက်ရေးဒရုန်းကို စမ်းသပ်
အမေရိကန်တပ်မတော်က လေသူရဲရဲ့ တိုက်ရိုက်ထိန်းချုပ် မောင်းနှင်စရာမလိုဘဲ သူ့အလိုအလျောက်ပျံသန်းနိုင်တဲ့ Anduril ကုမ္ပဏီထုတ် ဂျက်အင်ဂျင်တပ်တိုက်ခိုက်ရေးဒရုန်းအသစ်ကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပါတယ်။ အခုစမ်းသပ်မှုမှာ အမေရိကန် လေတပ်သားတွေဟာ Anduril Industries ရဲ့ YFQ-44A ရှေ့ပြေးပုံစံကို အသုံးပြုခဲ့ကြတာပါ။ အရင်က ဒရုန်းတွေဟာ မြေပြင်မှလေသူရဲက အဆက်မပြတ ထိန်းချုပ်ရတာမျိုးရှိခဲ့ပေမယ့် အခုစနစ်မှာတော့ နောက်ကွယ်ကနေ ထိန်းချုပ်မောင်းနှင်နေတဲ့ အော်ပရေတာမရှိဘူးလို့ ကုမ္ပဏီရဲ့အင်ဂျင်နီယာပိုင်းဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Jason Levin က ပြောပါတယ်။
အော်ပရေတာတွေက လပ်တော့သုံးပြီး မစ်ရှင်အစီအစဉ်ကို ထည့်သွင်းပေးရုံနဲ့ ဒရုန်းဟာ လမ်းကြောင်းအတိုင်း သူ့အလိုအလျောက် ပျံတက်တာ၊ ပျံသန်းတာနဲ့ တာဝန်ထမ်းဆောင်တာတွေကို လုပ်သွားမှာဖြစ်ပါတယ်။ ဒီစမ်းသပ်မှုရဲ့ ထူးခြားမှုက သာမန်လေတပ်သားဟာ ရက်အနည်းငယ်မျှသာ သင်တန်းတက်ရုံနဲ့ ဒီဒရုန်းကိုအစအဆုံး ကိုင်တွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။
MWD
