EV များအတွက် လမ်းမပေါ်မှာ မောင်းနှင်ရင်း အားသွင်းနိုင်မယ့် စွမ်းဆောင်ရည်မြင့် ကြိုးမဲ့အားသွင်းစနစ်

News Image

  • EV များအတွက် လမ်းမပေါ်မှာ မောင်းနှင်ရင်း အားသွင်းနိုင်မယ့် စွမ်းဆောင်ရည်မြင့် ကြိုးမဲ့အားသွင်းစနစ်

    လျှပ်စစ်စွမ်းအင်သုံးကား (EV) တွေကိုအားသွင်းကြိုးတပ်စရာမလိုဘဲ ရပ်ထားတဲ့အချိန်မှာ ၉၅ ရာခိုင်နှုန်းနဲ့ မောင်းနေချိန်မှာ ၉၀ ရာခိုင်နှုန်းအထိ စွမ်းဆောင်ရည်ရှိတဲ့ ကြိုးမဲ့အားသွင်းစနစ်အသစ်တစ်ခု ပေါ်ထွက်လာပါတယ်။ ဂျာမနီနိုင်ငံ Stuttgart တက္ကသိုလ်မှ သုတေသီတွေဟာ ပုံမှန်အားသွင်းကြိုးတွေနဲ့ ရင်ပေါင်တန်းနိုင်တဲ့အထိ စွမ်းဆောင်ရည်မြင့်တဲ့ အခုလိုနည်းပညာကိုဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီစနစ်က သံလိုက်စက်ကွင်းပြောင်းလဲမှု နိယာမကို အသုံးပြုထားတာပါ။ ကွိုင်တစ်ခုထဲကို လျှပ်စစ်စီးခိုင်းပြီး သံလိုက်စက်ကွင်း ဖြစ်ပေါ်စေကာ အနားမှာရှိတဲ့ ဒုတိယကွိုင်တစ်ခုဆီကို လျှပ်စစ်ဓာတ်အား ကူးပြောင်းပေးပို့တာဖြစ်ပါတယ်။ အရင်ကဒီလိုကြားထဲလေဟာနယ်ရှိနေရင်  စွမ်းဆောင်ရည်ကျဆင်းတတ်ပေမယ့် အခုတော့အဆင့်မြင့်ထိန်းချုပ်စနစ်တွေသုံးပြီး စွမ်းဆောင်ရည် အမြင့်ဆုံးရအောင် လုပ်ဆောင်နိုင်ခဲ့တာပါ။

ဒီနည်းပညာရဲ့ထူးခြားချက်တွေက ကားမောင်းနေရင်းနဲ့အလိုအလျောက် အားသွင်းနိုင်ခြင်း၊ ကားထဲကစွမ်းအင်တွေကို ဓာတ်အားလိုင်းထဲပြန်ပို့နိုင်ခြင်း၊ အားသွင်းကြိုးတွေ ရှုပ်ယှက်ခတ်နေတာမျိုး မရှိတော့တဲ့အပြင် ကြိုးတွေကြောင့်ဖြစ်တဲ့ပြဿနာတွေကိုလည်း လျှော့ချနိုင်ခြင်းတို့ဖြစ်တယ်လို့ ဆိုပါတယ်။

MWD