၉ မိနစ်အတွင်း ၉၅ ရာခိုင်နှုန်းအထိ အားသွင်းနိုင်သည့် ဘက်ထရီနည်းပညာအသစ် တရုတ်ကုမ္ပဏီမှ မိတ်ဆက်

News Image

  • ၉ မိနစ်အတွင်း ၉၅ ရာခိုင်နှုန်းအထိ အားသွင်းနိုင်သည့် ဘက်ထရီနည်းပညာအသစ် တရုတ်ကုမ္ပဏီမှ မိတ်ဆက်

တရုတ်နိုင်ငံရှိ Sunwoda Power ကုမ္ပဏီသည် လျှပ်စစ်ကား (EV) များအတွက် ဘက်ထရီအား ၉ မိနစ်အတွင်း ၅ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်းအထိ အားသွင်းနိုင်မည့် အလွန်မြန်ဆန်သော အားသွင်းနည်းပညာအသစ်ကို မိတ်ဆက်လိုက်ကြောင်း သိရသည်။

“Xingchi Supercharge Battery 2.0” ဟု ခေါ်သော ယင်းဘက်ထရီသည် ၅ မိနစ်ခွဲခန့်အတွင်း ၇၅ ရာခိုင်နှုန်းအထိ အားသွင်းနိုင်ပြီး လျှပ်စစ်ကားအသုံးပြုသူများအတွက် အားသွင်းချိန်ကို လောင်စာဆီဖြည့်သည့်အချိန်ကဲ့သို့ အလွန်တိုတောင်းစေမည်ဖြစ်သည်။

နည်းပညာပိုင်းအရ ယင်းဘက်ထရီသည် လျှပ်စီးကြောင်း ၁၈၀၀ အမ်ပီယာအထိ လက်ခံနိုင်ပြီး ဗို့အား ၈၄၄.၈ ဗို့တွင် လုပ်ဆောင်နိုင်သဖြင့် အားသွင်းနှုန်း အလွန်မြန်ဆန်ကြောင်း သိရသည်။

ထို့ပြင် ဘက်ထရီ၏ သက်တမ်းသည် ၁၀ နှစ်အထိ အသုံးပြုနိုင်ပြီး အားသွင်းအကြိမ်ရေ ၁၅၀၀ ကျော်အထိ ခံနိုင်ရည်ရှိကြောင်း ဖော်ပြထားသည်။ အာမခံကာလအတွင်းတွင်လည်း အားသွင်းနှုန်းကို အကန့်အသတ်မရှိ အသုံးပြုနိုင်မည်ဖြစ်သည်။

ယင်းနည်းပညာသည် လျှပ်စစ်ကားအသုံးပြုသူများ ကြုံတွေ့နေသည့် အားသွင်းချိန်ကြာမြင့်မှု ပြဿနာကို လက်တွေ့ကျကျ ဖြေရှင်းပေးနိုင်မည့် အရေးပါသော တိုးတက်မှုတစ်ခုအဖြစ် သတ်မှတ်ခံရသည်။

Ref: IE
ကိုထက်

MWD