တရုတ်နိုင်ငံ၌ အမျိုးသားစာဖတ်ရှိန်မြှင့်တင်ရေးသီတင်းပတ် ကျင်းပ
နန်ချန် ဧပြီ ၂၀
တရုတ်နိုင်ငံ၏ (၅)ကြိမ်မြောက် အမျိုးသားစာဖတ်ရှိန်မြှင့်တင်ရေး ညီလာခံနှင့် အမျိုးသားစာဖတ်ရှိန် မြှင့်တင်ရေးသီတင်းပတ်ကို ဧပြီ ၂၀ ရက်က တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းဇုပြည်နယ် နန်ချန်မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြည်သူ့ဆက်ဆံရေးဌာနအကြီးအကဲ လီရှူလိုင် တက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။ နိုင်ငံတစ်ဝန်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး ကြိုးပမ်းဆောင်ရွက်မှုများ အရှိန် မြှင့်တင်ရန်နှင့် နိုင်ငံသားများ၏ လူမှုအသိုင်းအဝိုင်းတွင် စာဖတ်ရှိန်မြှင့်တင်သည့် ယဉ်ကျေးမှုထူထောင်ရန် အခမ်းအနားတက်ရောက်လာသူများက ပန်ကြားခဲ့သည်။
ပြောကြား
စာပေဖတ်ရှုခြင်းသည် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ခြင်း၏ အခြေခံအကြောင်းတရားဖြစ်သဖြင့် နိုင်ငံတစ်ဝန်း စာဖတ်ရှိန်မြှင့်တင်ခြင်းဖြင့် ယဉ်ကျေးမှုမြင့်မားသည့်နိုင်ငံ ဖြစ်လာစေရေးဆောင်ရွက်မည် ဖြစ်ကြောင်း အခမ်းအနားတက်ရောက်လာသူများက ပြောကြားသည်။ ပြည်သူ့စာဖတ်ခန်း ဖွံ့ဖြိုး ရေးနှင့် စီမံခန့်ခွဲမှုမြှင့်တင်ရေးအတွက်လည်း ၎င်းတို့က တောင်းဆိုခဲ့သည်။
ယခုနှစ်၏ အမျိုးသားစာဖတ်ရှိန်မြှင့်တင်ရေး သီတင်းပတ်ကို ဧပြီ ၂၀ ရက်မှ ၂၆ ရက်အထိကျင်းပမည်ဖြစ်ပြီး ၎င်းသီတင်းပတ်အတွင်း စာဖတ်ရှိန်မြှင့်တင်သည့် လှုပ်ရှားမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ
MDN
