ချယ်လ်ဆီးတောင်ပံကစားသမား အက်စ်တီဗာအို ဒဏ်ရာကြောင့် သုံးပတ်အနားယူရမည်
ချယ်လ်ဆီးအသင်း တောင်ပံကစားသမား အက်စ်တီဗာအိုသည် မန်ယူအသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်တွင် ရရှိခဲ့သော တံကောက်ကြောဒဏ်ရာကြောင့် ရက်သတ္တသုံးပတ်ခန့် အနားယူရမည်ဖြစ်ကြောင်း သိရသည်။
အသက် ၁၈ နှစ်အရွယ် အက်စ်တီဗာအိုသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် ပါးမီးယက်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး ယခုရာသီတွင် အသင်း၏ အဓိကကစားသမားတစ်ဦးအဖြစ် ပါဝင်ကစားနေသူဖြစ်သည်။
မန်ယူအသင်းနှင့်ပွဲစဉ်တွင် အက်စ်တီဗာအိုသည် ပွဲချိန် ၁၆ မိနစ်၌ တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး ဆက်လက်ကစားနိုင်ခြင်းမရှိသဖြင့် လူစားလဲထွက်ခွာခဲ့ရသည်။
ဆေးစစ်မှုများအရ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝရန် ရက်သတ္တသုံးပတ်ခန့် အနားယူရမည်ဖြစ်ပြီး ချယ်လ်ဆီးအသင်း၏ ပွဲစဉ်အချို့ကို လွဲချော်မည်ဖြစ်သည်။
အက်စ်တီဗာအိုသည် ယခင်ဖေဖော်ဝါရီလအတွင်းကလည်း တံကောက်ကြောဒဏ်ရာကြောင့် တစ်လခန့်အနားယူခဲ့ရပြီး ယခုအကြိမ်သည် ဒုတိယအကြိမ် ဒဏ်ရာရရှိခြင်းဖြစ်သည်။
သို့သော် ၎င်းသည် ဘရာဇီးလ်အသင်းနှင့်အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ကစားနိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။
MWD
