Naypyitaw State Academy ကို သုတေသန ရှေ့ပြေးတက္ကသိုလ်အဖြစ် ထူထောင်ရေး ကြည့်ရှုစစ်ဆေး

News Image

  • Naypyitaw State Academy ကို သုတေသန ရှေ့ပြေးတက္ကသိုလ်အဖြစ် ထူထောင်ရေး ကြည့်ရှုစစ်ဆေး

နေပြည်တော်   ဧပြီ    ၂၁

     ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး  ဒေါက်တာချောချောစိန်သည် ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်း၀န်များ၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy သို့ရောက်ရှိပြီး အပန်းဖြေရိပ်သာ (Recreation Centre) တည်ဆောက်ပြီးစီးမှု အခြေအနေကိုကြည့်ရှုကာ Naypyitaw State Academy တွင် Centre for Research and Innovation(CRI) ဖွင့်လှစ်နိုင်ရေးအတွက် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စု၀န်ကြီးသည် Naypyitaw State Academy အစည်းအဝေးခန်းမ၌ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်၊  ဒုတိယပါမောက္ခချုပ်၊  ပါမောက္ခ(ဌာနမှူး)များ၊ တာ၀န်ရှိသူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်သမ္မတက Naypyitaw State Academy ကို သုတေသနစွမ်းရည်မြှင့်တင်သည့် ရှေ့ပြေးတက္ကသိုလ်အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း လမ်းညွှန်မှုပြုခဲ့ပြီးဖြစ်သဖြင့်   အကောင်အထည်ဖော်ရမည့်ကိစ္စရပ်များကို လာရောက် လေ့လာခြင်းဖြစ်ကြောင်း။

Digital Education နှင့်ပတ်သက်၍ Digital Learning Platform ကို ဆောင်ရွက်ရမည် ဖြစ်ရာ သင်ယူမှုစီမံခန့်ခွဲရေးစနစ် (Learning Management System-LMS) ကို စနစ်တကျ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လူရည်ချွန်စီမံကိန်း အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်က Naypyitaw State Academy တွင်  Centre for Research and Innovation-CRI တည်ထောင်နိုင်ရေးအတွက် အမှန်တကယ် လိုအပ်သည့် စက်ပစ္စည်းများကို ပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်‌ သွားမည် ဖြစ်ကြောင်း၊ Learning Management System-LMS နှင့်ပတ်သက်၍ Naypyitaw State Academy တွင် Digital Education ၏ အခြေခံအဆောက်အဦများဖြစ်သည့် Smart TVDigital Learning Centre၊ LMS စနစ်နှင့် မြန်နှုန်းမြင့်  အင်တာနက်လိုင်းများကို တပ်ဆင်ပေးထားပြီးဖြစ်သဖြင့် သင်ကြားရေး၊ သုတေသနနှင့်တီထွင်မှုလုပ်ငန်းများကို  တွန်းအားပေးဆောင် ရွက်သွားမည်ဖြစ်ကြောင်းတင်ပြသည်။

ယင်းနောက် Naypyitaw State Academy  ပါမောက္ခချုပ် ဒေါက်တာနုနုလွင်နှင့် ပါမောက္ခ (ဌာနမှူး)များက ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စု၀န်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စု၀န်ကြီးသည် ပညာရေး၀န်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်စခန်းများ ဖွင့်လှစ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍  သက်ဆိုင်ရာကော်မတီ အသီးသီးက မိမိတို့၏   လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်း တင်ပြကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဆပ်ကော်မတီ ဥက္ကဋ္ဌများက မိမိတို့ဆပ်ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသူများက ဝိုင်း၀န်းအကြံပြု ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက  နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

MWD