လောင်စာဆီဈေးနှုန်းမြင့်တက်မှုကြောင့် ဖီဂျီစီးပွားရေးလုပ်ငန်းများ ထိခိုက်

News Image

  • လောင်စာဆီဈေးနှုန်းမြင့်တက်မှုကြောင့် ဖီဂျီစီးပွားရေးလုပ်ငန်းများ ထိခိုက်

ဆူဗာ ဧပြီ ၂၆

 

ဖီဂျီနိုင်ငံတွင် ကမ္ဘာ့လောင်စာဆီဈေးနှုန်း မြင့်တက်မှုအကျပ်အတည်းကြောင့် နိုင်ငံတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများ စတင်ဖြစ်ပေါ်နေပြီး သွင်းကုန် ကုန်ကျစရိတ်များ မြင့်တက်လာခြင်းနှင့်အတူ စားသုံးကုန်ဈေးနှုန်းများလည်း ဆက်လက်မြင့်တက်လာနိုင်ကြောင်း ဆူဗာ လက်လီဖြန့်ချိသူများအသင်းက ပြောကြားသည်။

 

လောင်စာဆီဈေးနှုန်းမြင့်တက်မှုကြောင့် ကုန်စည်ပို့ဆောင်ရေးနှင့် တင်သွင်းရေးကုန်ကျစရိတ်များ တိုးမြင့်လာခဲ့ပြီး နယူးဇီလန်နှင့် ဩစတြေးလျနိုင်ငံတို့ကဲ့သို့သော အဓိကကုန်သွယ်ဖက်နိုင်ငံများထံမှ တင်သွင်းကုန်များ၏ ဈေးနှုန်းများလည်း မြင့်တက်လာခဲ့ကြောင်း အသင်း၏ဥက္ကဋ္ဌ ဂျက်တက်ရှ် ပက်တယ်က ဧပြီ ၂၄ ရက်တွင် ပြောကြားသည်။

 

သွင်းကုန်တန်ဖိုးများမှာ ပြောင်းလဲမြင့်တက်နေပြီး အချို့ကုန်ပစ္စည်းများတွင် ၁၀ ရာခိုင်နှုန်းခန့်၊ အချို့တွင် ဈေးကွက်အရင်း အမြစ်များပေါ်မူတည်၍ ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်လျက်ရှိနေကြောင်း ၎င်းက ဆိုသည်။

 

ဖီဂျီနိုင်ငံတွင် လာမည့်သီတင်းပတ်များအတွင်း ဈေးနှုန်းမြင့်တက်မှုနှင့်အတူ ကုန်ပစ္စည်းသစ်များ ရောက်ရှိလာမည်ဖြစ်သဖြင့် စားသုံးသူများအနေဖြင့် ဈေးနှုန်းများ ထပ်မံမြင့်တက်မှု ကြုံလာနိုင်သေးကြောင်း အသင်းက သတိပေးထားသည်။

 

ဆင်ဟွာ

MDN