မှော်ဘီမြို့နယ်၌ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်သော နွေစပါးစံပြစိုက်ကွက် သရုပ်ပြပွဲကျင်းပ

News Image

  • မှော်ဘီမြို့နယ်၌ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်သော နွေစပါးစံပြစိုက်ကွက် သရုပ်ပြပွဲကျင်းပ

မှော်ဘီ ဧပြီ ၂၆

စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲမှ ဦးဆောင်မှုဖြင့် မှော်ဘီမြို့နယ် ညောင်ကုန်းကျေးရွာ တောင်သူ ဦးနေမျိုးလှိုင်၏ လယ် ၁၀ ဧက နွေစပါးစိုက်ခင်းတွင် တောင်သူများပါဝင်သော ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်သော နွေစပါးစံပြစိုက်ပျိုးကွက် သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ပြောကြား

ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဇော်လင်းက စပါးထုတ်လုပ်နိုင်ရေးအတွက် စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းပြီးသည်အထိ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးခြင်း၊ သီးနှံစိုက်တောင်သူများအနေဖြင့် မိမိတို့၏စိုက်ခင်းတွင် ပိုးမွှား၊ ပေါင်းကျရောက်မှုအား အမြဲမပြတ် ကြိုတင်ကင်းထောက် စစ်ဆေးခြင်း၊ အပင်သက်တမ်းအလိုက် ကျသောဖျက်ပိုးများအား ဘက်စုံကာကွယ်နှိမ်နင်းနည်းများအသုံးပြု၍ သီးနှံရိတ်သိမ်း/ခူးဆွတ်ရန် စောင့်ဆိုင်းရမည့် ကာလ (Pre Harvest Interval- PHI) တို့ကို တိကျစွာလိုက်နာ၍ ပညာပေးစံပြကွက် ဆောင်ရွက်ခဲ့သည့်အပေါ် တောင်သူများ လိုက်နာလက်ခံ ကျင့်သုံးနိုင်ရေး ပြောကြားသည်။

ထို့နောက် တောင်သူ ဦးနေမျိုးလှိုင်၏ ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်သော နွေစပါးစိုက်ကွက်အား ရိတ်သိမ်းခဲ့ရာ စပါးမျိုး တစ်ဧကလျှင် အစို ၁၃၂ တင်း (အခြောက် ၁၂၈ ဒသမ ၉ တင်း) ထွက်ရှိခဲ့ကြောင်း သိရသည်။

ကောင်းမြတ်သူ(မှော်ဘီ)

MDN