အမေရိကန်အစိုးရက သွင်းကုန်အခွန်များအနက် ဒေါ်လာ ၁၅၉ ဘီလီယံကို ပြန်ပေးမည်

News Image

  • အမေရိကန်အစိုးရက သွင်းကုန်အခွန်များအနက် ဒေါ်လာ ၁၅၉ ဘီလီယံကို ပြန်ပေးမည်

အမေရိကန်အစိုးရအနေဖြင့် ကောက်ခံရရှိထားသည့် သွင်းကုန်အခွန်များအနက် ဒေါ်လာ ၁၅၉ ဘီလီယံကို ပြန်လည်ပေးအပ်ရမည်ဟု တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပါဆုံးဖြတ်ချက်ကို ဆိုးရွားသည်ဟု ဝေဖန်ခဲ့သော်လည်း တရားရုံးချုပ်၏ စီရင်ချက်အရ အစိုးရဘက်မှ ငွေပမာဏကို ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ သွင်းကုန်အခွန်များကို ထရမ့်အစိုးရ၏ ကုန်သွယ်ရေးမူဝါဒအဖြစ် ၂၀၂၅ ခုနှစ်တွင် စတင်ကောက်ခံခဲ့သော်လည်း အစိုးရအာဏာအလွန်ကျော်လွန်မှုရှိသည်ဟု တရားရုံးများက နောက်ပိုင်းတွင် သတ်မှတ်ခဲ့သည်။

ထိုဆုံးဖြတ်ချက်အပြီးတွင် အမေရိကန်သမ္မတက မကျေနပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ယင်းအခြေအနေသည် ဘဏ္ဍာရေးနှင့် ကုန်သွယ်ရေးစီမံချက်များအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။

အဆိုပါဆုံးဖြတ်ချက်ကြောင့် ကုန်သည်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပေးဆောင်ခဲ့သည့် အကောက်ခွန်များ ပြန်လည်ရရှိနိုင်မည့် အခွင့်အလမ်းတစ်ရပ် ဖြစ်လာသည်ဟုလည်း သိရသည်။

MWD