Skip to main content
site banner
  • ပင်မစာမျက်နှာ
  • ကျွန်ုပ်တို့အကြောင်း
  • သတင်းများ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    နိုင်ငံရေးကဏ္ဍသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    စီးပွားရေးကဏ္ဍသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    လူမှုရေးကဏ္ဍသတင်းများ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍသတင်းများ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း
  • ကဏ္ဍများ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    နိုင်ငံရေးကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    စီးပွားရေးကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    လူမှုရေးကဏ္ဍ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း
  • ဆောင်းပါးများ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ

    နိုင်ငံရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ

    စီးပွားရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ

    လူမှုရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍအကြောင်းဆောင်းပါးများ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ
  • ဆွေးနွေးချက်များ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ

    နိုင်ငံရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ

    စီးပွားရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ

    လူမှုရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍ

    • ယဉ်ကျေးမှု
    • ဘာသာရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ
  • အမေးအဖြေကဏ္ဍ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍ

    • ပြည်တွင်း
    • နိုင်ငံတကာ

    နိုင်ငံရေးကဏ္ဍ

    • ပြည်တွင်း
    • နိုင်ငံတကာ

    စီးပွားရေးကဏ္ဍ

    • ပြည်တွင်း
    • နိုင်ငံတကာ

    လူမှုရေးကဏ္ဍ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေ

    • ပြည်တွင်း
    • နိုင်ငံတကာ
  • ဆက်သွယ်ရန်

en-language-menu

  • English

အနောက်တိုင်းဆေးရောနှောထားပြီး စံမညီတိုင်းရင်းဆေးဝါးများဖြစ်ကြောင်း အများပြည်သူသိရှိရန် အသိပေးနှိုးဆော်ချက်

NoahJune222 Wed, 04/29/2026 - 16:53

News Image

  • အနောက်တိုင်းဆေးရောနှောထားပြီး စံမညီတိုင်းရင်းဆေးဝါးများဖြစ်ကြောင်း အများပြည်သူသိရှိရန် အသိပေးနှိုးဆော်ချက်
MM-News-Category
လူမှုရေးကဏ္ဍသတင်း
လူမှုရေး-ကျန်းမာရေး

ဆက်စပ်သတင်းများ

ရီးယဲလ်မက်ဒရစ် နည်းပြရာထူးအတွက် မော်ရင်ဟို ခန့်အပ်နိုင်ခြေ သတင်းထွက်ပေါ်
ရီးယဲလ်မက်ဒရစ် နည်းပြရာထူးအတွက် မော်ရင်ဟို ခန့်အပ်နိုင်ခြေ သတင်းထွက်ပေါ်
မက်ဒရစ်၊ ဧပြီ ၂၉ — ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် လစ်လပ်နေသည့် နည်းပြရာထူးအတွက် နည်းပြဟောင်းဖြစ်သူ လက်ရှိ ဘင်ဖီကာအသင်းကို ကိုင်တွယ်နေသော မော်ရင်ဟိုအား ပြန်လည်ခန့်အပ်ရန် စဉ်းစားနေသည်ဟု သတင်းများ ထွက်ပေါ်လာသည်။ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုဘောလုံးရာသီတွင် အလွန်ဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့သော်လည်း ကစားသမားများနှင့် ဆက်ဆံရေးတင်းမာမှုများကြောင့် ရာသီမကုန်မီ ထုတ်ပယ်ခဲ့ကြောင်း သိရသည်။ ထို့နောက် ယာယီနည်းပြအဖြစ် အာဘီလိုအာကို ခန့်အပ်ခဲ့သော်လည်း ရလဒ်များ မကောင်းသဖြင့် ရာသီအကုန်တွင် လမ်းခွဲမည်ဖြစ်ပြီး နည်းပြသစ် ခန့်အပ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနို ပီရက်ဇ်သည် လူငယ်နည်းပြများထက် အတွေ့အကြုံရှိ ဝါရင့်နည်းပြတစ်ဦးကို ခန့်အပ်လိုကြောင်း အတည်ပြုထားပြီးနောက် ဥရောပအတွင်း အတွေ့အကြုံကြီးမားသည့် မော်ရင်ဟိုနှင့် သတင်းများ ဆက်စပ်ထွက်ပေါ်လာခြင်းဖြစ်သည်။အစောပိုင်းတွင် လီဗာပူးနည်းပြဟောင်း ကလော့ပ်ကို ခန့်အပ်ရန် စိတ်ဝင်စားခဲ့သော်လည်း ၎င်းကိုယ်တိုင် နည်းပြလောကသို့ ပြန်မဝင်တော့ကြောင်း ပြောကြားခဲ့သဖြင့် ရီးယဲလ်ဘက်မှ အစီအစဉ်ကို ပြောင်းလဲခဲ့ရသည်။မော်ရင်ဟိုသည် ယခင်က ၂၀၁၀ မှ ၂၀၁၃ ခုနှစ်အထိ ရီးယဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်ခဲ့ဖူးပြီး လာလီဂါဖလား ၁ ကြိမ်၊ ကိုပါဒယ်ရေးဖလား ၁ ကြိမ်နှင့် စပိန်စူပါဖလား ၁ ကြိမ် ဆွတ်ခူးပေးနိုင်ခဲ့သည်။လက်ရှိတွင် မော်ရင်ဟိုသည် ဘင်ဖီကာအသင်းကို ကိုင်တွယ်နေပြီး ပေါ်တူဂီလိဂ်တွင် ၃၁ ပွဲကစားပြီး ၂၂ ပွဲနိုင်၊ ၉ ပွဲသရေဖြင့် ရှုံးပွဲမရှိ စွမ်းဆောင်ထားကာ အမှတ်ပေးဇယားအဆင့် (၂) နေရာတွင် ရပ်တည်နေကြောင်း သိရသည်။Ref: Fabrizio RomanoMWD
Thu, 30-Apr-2026
မန်စီးတီးအသင်းမှ နေသန်အကီ ထွက်ခွာရန်ဆုံးဖြတ်
မန်စီးတီးအသင်းမှ နေသန်အကီ ထွက်ခွာရန်ဆုံးဖြတ်
မန်ချက်စတာ၊ ဧပြီ ၂၉ — မန်စီးတီးအသင်း၏ ခံစစ်ကစားသမား နေသန်အကီသည် ယခုဘောလုံးရာသီအကုန်တွင် အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရန် ဆုံးဖြတ်ထားကြောင်း သိရသည်။အသက် ၃၁ နှစ်အရွယ်ရှိ နေသန်အကီသည် ၂၀၂၀ ပြည့်နှစ်တွင် ဘုန်းမောက်အသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီး အသင်းနှင့်အတူ ခြောက်ရာသီကြာ ပါဝင်ကစားခဲ့သည်။ ယခုရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်၍ လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။နေသန်အကီသည် မန်စီးတီးတွင် အစောပိုင်းနှစ်များ၌ အဓိကကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့သော်လည်း ပြီးခဲ့သည့်ရာသီတွင် ဒဏ်ရာပြဿနာများကြောင့် ပြိုင်ပွဲစုံ ၁၈ ပွဲသာ ပါဝင်ကစားနိုင်ခဲ့သည်။ယခုရာသီတွင် ပြိုင်ပွဲစုံ ၃၁ ပွဲ ပါဝင်ကစားထားသော်လည်း ပွဲစဉ်အများစုကို လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရပြီး အသင်းအတွင်း အရေးပါမှုလျော့နည်းလာသည့်အတွက် ထွက်ခွာရန် ဆုံးဖြတ်ထားခြင်းဖြစ်သည်။နေသန်အကီသည် မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၁၇၄ ပွဲ ပါဝင်ကစားထားပြီး ၁၀ ဂိုး သွင်းယူထားသည်။ ထို့အပြင် ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ ကာရာဘောင်းဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ ဥရောပစူပါဖလား ၁ ကြိမ်နှင့် ကလပ်ကမ္ဘာ့ဖလား ၁ ကြိမ် ဆွတ်ခူးထားနိုင်ခဲ့ကြောင်း သိရသည်။Ref: Fabrizio RomanoMWD
Thu, 30-Apr-2026
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဘော်လီဘောပြိုင်ပွဲတွင် အလုံခရိုင်နှင့် မင်္ဂလာဒုံခရိုင်တို့ ပထမဆုရရှိ
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဘော်လီဘောပြိုင်ပွဲတွင် အလုံခရိုင်နှင့် မင်္ဂလာဒုံခရိုင်တို့ ပထမဆုရရှိ
၂၀၂၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၁၄ ခရိုင် အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် အလုံခရိုင်အမျိုးသားအသင်းနှင့် မင်္ဂလာဒုံခရိုင်အမျိုးသမီးအသင်းတို့သည် ပထမဆုဖလားများ ဆွတ်ခူးရရှိခဲ့ကြကြောင်း သိရသည်။ပြိုင်ပွဲအတွင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများသည် အမျိုးသားပြိုင်ပွဲ ဗိုလ်လုပွဲဖြစ်သည့် တွံတေးခရိုင်အသင်းနှင့် အလုံခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။ဆုချီးမြှင့်ပွဲတွင် ပွဲစဉ်တစ်လျှောက် တာဝန်ယူခဲ့သည့် ဒိုင်ကြီးကြပ်နှင့် ဒိုင်လူကြီးများ၊ အမျိုးသားနှင့် အမျိုးသမီးပြိုင်ပွဲများတွင် နေရာအလိုက် အကောင်းဆုံးဆုများဖြစ်သည့် စပေးဘောဆု၊ ပင့်ထောင်ဆု၊ ဆယ်မဆု၊ ပိတ်ဆို့ဆုနှင့် ရိုက်ခုတ်ဆုများကို ချီးမြှင့်ခဲ့သည်။ ထို့ပြင် အမျိုးသမီးပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုကို မင်္ဂလာဒုံခရိုင်မှ ဇင်မာမြင့်၊ အမျိုးသားပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုကို အလုံခရိုင်မှ ရဲရင့်အောင်တို့ ရရှိခဲ့ကြသည်။ထို့နောက် အမျိုးသမီးပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် လှည်းကူးခရိုင်အသင်း၊ အမျိုးသားပြိုင်ပွဲတွင် မရမ်းကုန်းခရိုင်အသင်း၊ အမျိုးသမီးပြိုင်ပွဲတွင် တတိယဆုရရှိသည့် တွံတေးခရိုင်အသင်း၊ အမျိုးသားပြိုင်ပွဲတွင် တတိယဆုရရှိသည့် မင်္ဂလာဒုံခရိုင်အသင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အလုံခရိုင်အသင်းနှင့် အမျိုးသားပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် တွံတေးခရိုင်အသင်းတို့ကို တာဝန်ရှိသူများက ဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။နောက်ဆုံးတွင် အမျိုးသမီးပြိုင်ပွဲ၌ ပထမဆုရရှိသည့် မင်္ဂလာဒုံခရိုင်အသင်းနှင့် အမျိုးသားပြိုင်ပွဲ၌ ပထမဆုရရှိသည့် အလုံခရိုင်အသင်းတို့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဆုဖလားများကို ကိုယ်တိုင်ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ဝန်းရံခMWD
Thu, 30-Apr-2026
မြန်မာ၊ ထိုင်းနှင့် ဥဇဘက်ကစ္စတန် အမျိုးသမီးလက်ရွေးစင်အသင်းများပါဝင်မည့် AYA BANK TRI NATIONS CUP 2026 ပြိုင်ပွဲ ရန်ကုန်တွင် ကျင်းပမည်
မြန်မာ၊ ထိုင်းနှင့် ဥဇဘက်ကစ္စတန် အမျိုးသမီးလက်ရွေးစင်အသင်းများပါဝင်မည့် AYA BANK TRI NATIONS CUP 2026 ပြိုင်ပွဲ ရန်ကုန်တွင် ကျင်းပမည်
ရန်ကုန်၊ ဧပြီ ၂၉မြန်မာ၊ ထိုင်းနှင့် ဥဇဘက်ကစ္စတန် အမျိုးသမီးလက်ရွေးစင်အသင်းများပါဝင်ကစားမည့် AYA BANK TRI NATIONS CUP 2026 (International Women’s Friendly Matches) ပြိုင်ပွဲကို လာမည့် ဇွန်လပထမပတ်အတွင်း ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါပြိုင်ပွဲကို AYA Bank မှ အဓိကပံ့ပိုးကူညီထားပြီး မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း၏ အဆင့်မြင့်မားတိုးတက်ရေးအတွက် နိုင်ငံတကာအသင်းများနှင့် ခြေစမ်းကစားနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ပြိုင်ပွဲတွင် ပါဝင်မည့်အသင်းများမှာ မြန်မာ (ကမ္ဘာ့အဆင့် ၅၅)၊ ထိုင်း (ကမ္ဘာ့အဆင့် ၅၀)နှင့် ဥဇဘက်ကစ္စတန် (ကမ္ဘာ့အဆင့် ၅၁) တို့ဖြစ်သည်။ပွဲစဉ်များကို ဇွန်လ ၁ ရက် ညနေ ၅ နာရီတွင် မြန်မာနှင့် ဥဇဘက်ကစ္စတန်၊ ဇွန်လ ၄ ရက် ညနေ ၄ နာရီတွင် ဥဇဘက်ကစ္စတန်နှင့် ထိုင်း၊ ဇွန်လ ၇ ရက် ညနေ ၅ နာရီတွင် မြန်မာနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။အဆိုပါပွဲစဉ်များကို ပြည်တွင်းရုပ်သံလိုင်းများနှင့် YouTube Channel များမှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကို ယာယီနည်းပြချုပ် ဒေါ်စန်းစန်းသိန်းက ကိုင်တွယ်သွားမည်ဖြစ်ပြီး လက်ထောက်နည်းပြအဖြစ် ဒေါ်သူဇာထွေးနှင့် ဂိုးနည်းပြ ဦးစိန်အေးတို့က တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။အသင်းအား ပဏာမကစားသမား ၃၅ ဦးဖြင့် ဧပြီ ၂၇ ရက်မှစတင်၍ စခန်းသွင်းလေ့ကျင့်နေပြီး ပြည်ပရောက်ကစားသမားများသည် မေလအစောပိုင်းတွင် အသင်းနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း သိရသည်။MWD
Thu, 30-Apr-2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကျင်းပပြုလုပ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို , ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကျင်းပပြုလုပ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို , ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကျင်းပပြုလုပ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို , ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကျင်းပပြုလုပ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို , ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကျင်းပပြုလုပ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို , ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကျင်းပပြုလုပ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို , ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကျင်းပပြုလုပ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို , ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကျင်းပပြုလုပ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကျင်းပပြုလုပ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို
နေပြည်တော် ဧပြီ ၃၀ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုသည်။အဆိုပါ သာသနာ့သမိုင်းဝင် ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်ကြီး အောင်မြင်ပြီးမြောက်ခဲ့ခြင်း နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကြီးသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် နိုင်ငံတော် ဩဝါဒါစရိယ ရွှေကျင်နိကာယဂဏာဓိပတိ သောဠသမ ရွှေကျင်သာသနာပိုင်ဆရာတော် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဉာဏိဿရတို့အမှူးပြုသည့် သက်တော်ရှည် နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်ကြီးများ၊ ပိဋကတ်တော်ဆောင် ဆရာတော်ကြီးများ၊ ပြည်ပနိုင်ငံအသီးသီးမှ သံဃရာဇာဆရာတော်ကြီးများ အမှူးပြုသော ပြည်ပသံဃာတော်များ၊ ပိဋကတ်အကျော်အမော် ဆရာတော်ကြီးများ၊ ပရိယတ္တိဝန်ဆောင်၊ ပဋိပတ္တိဝန်ဆောင်ဆရာတော်သံဃာတော် အရှင်သူမြတ်များ စုံစုံညီညီ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်သမ္မတနှင့် ဇနီးတို့နှင့်အတူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့် ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့် ဇနီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများ၊ စစ်သံမှူးများနှင့် တာဝန်ရှိသူများ၊ ဒုတိယဝန်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။ဦးစွာ အခမ်းအနားအစီအစဉ်ပထမပိုင်းကို စတင်ကျင်းပပြုလုပ်ရာ ပိဋကတ်သုံးပုံကို မင်္ဂလာဆင်ဖြူတော်ရတနာဖြင့် ပင့်ဆောင်၍ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကြည်ညိုကြသည်။ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မော်ကွန်းကျောက်စာတိုင်ဖွင့်ပွဲထို့နောက် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မော်ကွန်းကျောက်စာတိုင်ဖွင့်ပွဲအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်သမ္မတက မဟာမင်္ဂလာမော်ကွန်းကျောက်စာတော်ကို မင်္ဂလာစက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က မော်ကွန်းကျောက်စာတော်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။၎င်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် မင်္ဂလာဆင်ဖြူတော်ရတနာဖြင့် ပင့်ဆောင်လာသည့် ပိဋကတ်သုံးပုံကို လိုဏ်ဂူတော်အတွင်းသို့ ပင့်ဆောင်ချိန်၌ အတူတကွလိုက်ပါ၍ သတ်မှတ်နေရာအသီးသီး၌ နေရာယူကြပြီး ဆရာတော်သံဃာတော်ကြီးများ ကြွရောက်လာမှုအား ကြည်ညိုကြသည်။ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးက ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် ဆီမီးထွန်းညှိပူဇော်သည်။ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားယင်းနောက် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီးနောက် လိုဏ်ဂူတော်ပတ်လည်ရှိ ခေါင်းလောင်း ၁၀၈ လုံးတို့ကို တစ်ပြိုင်နက် ၉ ချက်ထိုး၍ ပူဇော်ကြသည်။ယင်းနောက် ဆရာတော်၊ သံဃာတော်ကြီးများ၊ နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ဆဋ္ဌသင်္ဂါယနာတင် သမိုင်းဝင်မှတ်တမ်းဗွီဒီယိုကို ကြည့်ရှုကြသည်။ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည့် မေတ္တသုတ်ပရိတ်တရားတော်ကို နာယူကြည်ညိုကြသည်။ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးက သာရဏီယကထာကို မြွက်ကြားတော်မူပြီး သီတဂူဆရာတော်ကြီးက သမ္မောဒနိယကထာကို မြွက်ကြားချီးမြှင့်တော်မူသည်။ထို့နောက် ဆဋ္ဌသင်္ဂါယနာတင် မဟာထေရ်မြတ်တို့အား ပူဇော်သောအားဖြင့် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသနှင့် တိပိဋကဓရ ဘဏ္ဍာဂါရိကဆရာတော် ဘဒ္ဒန္တပညာဝံသာဘိဝံသတို့က ဝိနယပိဋကတ်တော်ကို သင်္ဂါယနာအမေးအဖြေပြုလုပ်ပြီး သံဃာတော်အရှင်သူမြတ်တို့က စုပေါင်းသံပြိုင်ရွတ်ဆိုပူဇော်ကြသည်။၎င်းနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က သာသနာရေးဆိုင်ရာများနှင့်ပတ်သက်၍ လျှောက်ထားတင်ပြရာတွင် သာသနာ့သမိုင်းဝင် ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်ကြီး အောင်မြင်ပြီးမြောက်ခဲ့ခြင်း နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကြီးသို့ ကြွရောက်တော်မူလာကြသော သက်တော်ရှည် နိုင်ငံတော်ဩဝါဒါ စရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်ကြီးများ၊ ပိဋကတ်တော်ဆောင်ဆရာတော်ကြီးများ၊ ပြည်ပနိုင်ငံအသီးသီးမှ သံဃရာဇာဆရာတော်ကြီးများ၊ ပိဋကတ်အကျော်အမော် ဆရာတော်ကြီးများ၊ ပရိယတ္တိဝန်ဆောင်၊ ပဋိပတ္တိဝန်ဆောင်ဆရာတော် သံဃာတော်အရှင်သူမြတ်အပေါင်းတို့ကို စုံစုံညီညီ ကျန်းမာချမ်းသာ ဖူးမြော်ကြည်ညိုခွင့်ရပါသဖြင့် သဒ္ဓါယိုဖိတ် ကုသိုလ်စိတ်များ အတိုင်းမသိ ပွားများရပါကြောင်း၊ ထို့အပြင် တပည့်တော်တို့ နိုင်ငံတော်အစိုးရသစ်တာဝန်ယူချိန်တွင် ဤသို့သောအခမ်းအနားကြီးနှင့် ကြုံကြိုက်ရပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခွင့်ရရှိခြင်းနှင့် သံဃာ့ဝေယျာဝစ္စများ ဆောင်ရွက်ခွင့်ရရှိခြင်းတို့အတွက်လည်း အထူးပင်ဂုဏ်ယူဝမ်းမြောက်မိသည်ကို ဦးစွာလျှောက်ထားအပ်ပါကြောင်း။သင်္ဂါယနာတင်ခြင်းအဓိပ္ပာယ်မှာ ဗုဒ္ဓအဆုံးအမ တရားတော်များကို “အညီအညွတ် စုပေါင်းရွတ်ဆိုမှတ်တမ်းတင်ခြင်း” ဟု တပည့်တော်များ မှတ်သားထားမိပါကြောင်း၊ မြတ်စွာဘုရားရှင်သည် သမ္မာသမ္ဗုဒ္ဓအဖြစ်သို့ ရောက်ရှိပွင့်ထွန်းတော်မူသည်မှ မဟာပရိနိဗ္ဗာန်စံဝင်သည်အထိ ၄၅ ဝါ ကာလပတ်လုံး မြွက်ဟထုတ်ဖော်ဟောကြားတော်မူခဲ့သည့် တရားတော်များသည် သတ္တဝါတစ်ဦးတစ်ယောက်မှအစ သတ္တဝါအများတို့ နေထိုင်ရာလောကကြီး၌ ဓမ္မတရားထွန်းပရေး၊ အဓမ္မတရားများ ပယ်ရှားနိုင်ရေးအတွက်ဖြစ်ကြောင်း မှတ်သားမိပါကြောင်း။ဗုဒ္ဓရှင်တော်မြတ် မြွက်ဟထုတ်ဖော်ဟောကြားခဲ့သော တရားတော်များသည် မြတ်စွာဘုရားရှင်ပရိနိဗ္ဗာန်စံရာကာလတွင်းပင် သာသနာတော်အတွင်းနေ ပုဂ္ဂိုလ်အချို့တို့၏ ထိပါးပုတ်ခတ်ခြင်းခံခဲ့ရပါကြောင်း၊ ထိုအခြေအနေကို သိမြင်တော်မူသော တပည့်ကြီးဖြစ်သည့် အရှင်မဟာကဿပမထေရ်မြတ်ကြီးက ဓမ္မသံဝေဂရတော်မူပြီး “ငါ့ရှင်တို့ မတရားအဓမ္မဝါဒ မထွန်းပမီ၊ တရားဓမ္မ တားမြစ်ပိတ်ပင်ခြင်းမခံရမီ၊ အဓမ္မဝါဒီပုဂ္ဂိုလ် အင်အားမကောင်းမီ၊ ဓမ္မဝါဒီပုဂ္ဂိုလ် အင်အားမနည်းမီ ဓမ္မဝိနယကို သင်္ဂါယနာတင်ကြကုန်စို့” ဟု တိုက်တွန်းနှိုးဆော်တော်မူခဲ့ပြီး ပထမသင်္ဂါယနာတင်ရန် မိန့်မြွက်တော်မူခဲ့သည်ကို လေ့လာမှတ်သားဖူးပါကြောင်း။မြတ်စွာဘုရားရှင်သည် သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီး ကျွတ်ထိုက်သော ဝေနေယျသတ္တဝါအပေါင်းတို့ကို ၄၅ ဝါ ကာလပတ်လုံး ဟောဖော်ညွှန်ပြချေချွတ်တော်မူခဲ့ပါကြောင်း၊ ဘုရားရှင် သက်တော် ၈၀ အရွယ်တွင် မဟာပရိနိဗ္ဗာန် ပြုတော်မူပြီး သုံးလလေးရက်မြောက် ဝါခေါင်လပြည့်ကျော် ၅ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ မဂဓတိုင်း၊ ရာဇဂြိုဟ်မြို့၊ ဝေဘာရတောင်နံပါး၊ လိုဏ်ဂူတော်ကြီးအနီးတွင် အရှင်မဟာကဿပမထေရ်အမှူးရှိသော ရဟန္တာအရှင်မြတ်ငါးရာတို့ ပထမသင်္ဂါယနာ တင်တော်မူခဲ့သည်ကို မှတ်သားရပါကြောင်း။မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူပြီး နှစ် ၁၀၀ အကြာတွင် အိန္ဒိယနိုင်ငံ၊ ဝေသာလီမြို့၊ ဝါလိကာရုံကျောင်းတိုက်ကြီး၌ အရှင်မဟာယသမထေရ်အမှူးရှိသော ရဟန္တာအရှင်မြတ် ၇၀၀ တို့ဖြင့် ဒုတိယသင်္ဂါယနာကို တင်တော်မူခဲ့ပါကြောင်း၊ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူပြီး ၂၃၅ နှစ်မြောက်တွင် အိန္ဒိယနိုင်ငံ၊ ပါဋလိပုတ်မြို့၌ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် အမှူးရှိသော ရဟန္တာအရှင်မြတ် ၁၀၀၀ တို့ဖြင့် တတိယသင်္ဂါယနာကို တင်တော်မူခဲ့ကြောင်းနှင့် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူပြီး နှစ်ပေါင်း ၄၅၀ အကြာတွင် သီရိလင်္ကာနိုင်ငံ၊ မထုလ-မလယဇနပုဒ်၊ အာလောကလိုဏ်ဂူတော်ကြီး၌ အရှင်မဟာဓမ္မရက္ခိတမထေရ် အမှူးရှိသော ရဟန္တာအရှင်မြတ် ၅၀၀ တို့က စတုတ္ထသင်္ဂါယနာကို ပေထက်အက္ခရာ တင်ခဲ့ကြသည်ကို လေ့လာမှတ်သားရပါကြောင်း။သာသနာတော်နှစ် ၂၄၁၅၊ ကောဇာသက္ကရာဇ် ၁၂၁၈ ခုနှစ်တွင် မိမိတို့ မြန်မာနိုင်ငံ၊ မန္တလေးမြို့၊ ရွှေနန်းတော်ပြာသာဒ်ဦး မြေနန်းတော်ရှိ ဒက္ခိဏာရာမဘုရားကြီးတိုက် ဆရာတော်ကြီး ဘဒ္ဒန္တဇာဂရာဘိဝံသမဟာထေရ်မြတ်အမှူးပြုသော သမ္မုတိသံဃာတော် ၂၄၀၀ တို့က မင်းတုန်းမင်းတရားကြီး၏ ပစ္စည်းလေးပါး အထောက်အပံ့ကို ခံယူကာ ပဉ္စမသင်္ဂါယနာတင်တော်မူခဲ့ကြပြီး ကျောက်ထက်အက္ခရာတင်ခဲ့ကြပါကြောင်း၊ နှစ်ပေါင်း ၂၀၀၀ ခန့်လွန်ပြီးမှ ဆောင်ရွက်နိုင်ခဲ့သော သင်္ဂါယနာဖြစ်သော်လည်း မြန်မာနိုင်ငံအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ်ပါကြောင်း။သာသနာတော်နှစ် ၂၄၉၈၊ ကောဇာသက္ကရာဇ် ၁၃၁၆ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓနေ့မှစ၍ သာသနာတော်နှစ် ၂၅၀၀၊ ကောဇာ သက္ကရာဇ် ၁၃၁၈ ခုနှစ်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့အထိ မန္တလေးမြို့၊ မိုးကောင်းတိုက်၊ ညောင်ရမ်းဆရာတော်ကြီးအမှူးပြုသော သံဃာတော် ၂၅၀၀ တို့က ဆဋ္ဌသင်္ဂါယနာတင်တော်မူခဲ့သည်မှာ ယခုအခါ နှစ် (၇၀) ပြည့်မြောက်ပြီဖြစ်ပါကြောင်း။ဆဋ္ဌသင်္ဂါယနာတင်တော်မူရာ ဤမြေမြတ်မဟာကမ္ဘာအေးကုန်းမြေကြီးသည် ယခင်က အင်းစိန်ခရိုင်၊ သမိုင်းမြို့နယ်၊ ရေကူးရွာမရပ်ကွက်အတွင်းရှိ ရာဘာခြံကြီးဖြစ်ပြီး စုစုပေါင်း မြေဧရိယာ ၁၆၈ ဒသမ ၁၅၇ ဧက ရှိပါကြောင်း၊ ထိုမြေပေါ်၌ ၁၉၅၀ ပြည့်နှစ်တွင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၊ ၁၉၅၃ ခုနှစ်တွင် ယခုအခမ်းအနား ကျင်းပရာ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးနှင့် ကျောင်းဆောင်ကြီး ၄ ဆောင်၊ သုံးထပ်ဆွမ်းစားဆောင်၊ မဟာသိမ်တော်ကြီး၊ ပိဋကတ်ပုံနှိပ်တိုက်၊ ဗုဒ္ဓသာသနာ့သံဃာ့ ဆေးရုံတို့ကို တည်ဆောက်ခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် ပိဋကတ်တိုက်ကို တည်ဆောက်ခဲ့သည်ဟု သိရှိ ရပါကြောင်း။ထိုသို့ ကြိုတင်ဆောင်ရွက်ဖွယ်လုပ်ငန်းများ ဆောင်ရွက်ပြီးနောက် ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင် ဖွင့်ပွဲအခမ်းအနားကို ၁၉၅၄ ခုနှစ်၊ မေလ (၁၈)ရက်နေ့မှ (၂၀) ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကျင်းပခဲ့ပြီး ညောင်ရမ်းဆရာတော်ကြီးက ဝန်ဆောင်အဖွဲ့ သံဃမဟာနာယကဥက္ကဋ္ဌ၊ ဗားကရာတောရဆရာတော်က အကျိုးတော်ဆောင်အဖြစ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆဋ္ဌသင်္ဂါယနာဒါယကာအဖြစ် နိုင်ငံတော်သမ္မတ ဒေါက်တာဦးဘဦး ဆဋ္ဌသင်္ဂါယနာ ပစ္စယာနုဂ္ဂဟအဖြစ် နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ဥက္ကဋ္ဌ သူဌေးကြီး ဆာဦးသွင်တို့က ခံယူခဲ့ကြပါကြောင်း။နိုင်ငံတော်သမ္မတ ဒေါက်တာဦးဘဦး၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၊ နိုင်ငံတော်ရှေ့နေချုပ် ဦးချန်ထွန်း၊ အမျိုးသားစီမံကိန်းနှင့်သာသနာရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝင်း၊ နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ ဥက္ကဋ္ဌ ဆာဦးသွင်၊ ဒုတိယဥက္ကဋ္ဌ ဦးသိမ်းမောင်တို့က အခမ်းအနား တက်ရောက်ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်း၊ ထောမနာစာတမ်းများ ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟု သိရှိရပါကြောင်း။ထို့အပြင် ပြည်ပနိုင်ငံများဖြစ်သော ထိုင်း၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ လာအို၊ အိန္ဒိယ၊ နီပေါ၊ ဂျပန်နှင့် ဗြိတိန်စသော နိုင်ငံများမှ ဘုရင်မင်းမြတ်များ၊ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများနှင့် အစိုးရအဖွဲ့ကိုယ်စားလှယ်များ၊ တစ်ဦးချင်းကိုယ်စားလှယ်များ၊ ဗုဒ္ဓဘာသာဆိုင်ရာ ကိုယ်စားလှယ်များ၊ သံဃာ့ဂိုဏ်းအသီးသီးမှ ဂဏာဓိပတိ၊ ဂဏာစရိယ၊ ဂဏပါမောက္ခ၊ ဂဏနာယကပုဂ္ဂိုလ်များက သဝဏ်လွှာပေးပို့ခြင်း၊ အခမ်းအနားတက်ရောက်ခြင်း၊ သင်္ဂါယနာတင်လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းများကို သိရှိရသဖြင့်လည်း လွန်စွာ ဝမ်းမြောက်မိပါကြောင်း။ပိဋကတ်သုံးပုံပါဠိတော်ကို သင်္ဂါယနာတင်ရာတွင် ၁၉၅၄ ခုနှစ်၌ ပါဠိတော် ပထမသန္နိပါတ (စုပေါင်း၊ စုဝေး၊ စိစစ်၊ အတည်ပြုခြင်း) မှ ၁၉၅၆ ခုနှစ် ပဉ္စမသန္နိပါတ (စုပေါင်း၊ စုဝေး၊ စိစစ်၊ အတည်ပြုခြင်း) အထိ ၂ နှစ်ခန့် ကြာမြင့်ခဲ့ပါကြောင်း။ပါဠိတော်များကို သန္နိပါတ ၅ တန်ဖြင့် သင်္ဂါယနာတင်တော်မူပြီးနောက် အဋ္ဌကထာများကို ၁၉၅၆ ခုနှစ်မှ ၁၉၅၉ ခုနှစ်အထိ သန္နိပါတ ၄ တန်ဖြင့်လည်းကောင်း၊ ဋီကာများကို ၁၉၆၀ ပြည့်နှစ်မှ ၁၉၆၂ ခုနှစ်အထိ သန္နိပါတ ၂ တန်ဖြင့်လည်းကောင်း သင်္ဂါယနာဆက်လက်တင်တော်မူခဲ့သည်ဟု သိရှိရပါကြောင်း။ထိုသို့ ဆဋ္ဌသင်္ဂါယနာတင် မဟာဓမ္မသဘင်ကြီး ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့သော မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၊ ဥတ္တရကုရုစသော ကျောင်းဆောင်ကြီး လေးဆောင်၊ မဟာသိမ်တော်ကြီး၊ သုံးထပ်ဆွမ်းစားကျောင်းဆောင်၊ ပိဋကတ်ပုံနှိပ်တိုက်၊ ပိဋကတ်ပြတိုက်၊ မဟာနာယကကျောင်းတော်ကြီးနှင့် ဝိဇယမင်္ဂလာဓမ္မသဘင်တို့ကို ယခုဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် မဟာမင်္ဂလာအခမ်းအနားကြီး ကျင်းပခြင်းမပြုမီကြိုတင်၍ ရှေးမူမပျက်ပြင်ဆင်မွမ်းမံခြင်း၊ တိုးချဲ့တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်မွမ်းမံခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း။ဆဋ္ဌသင်္ဂါယနာတင် ပါဠိတော်မူများကို နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများထံ ဩဝါဒခံယူ၍ ရွှေသုဝဏ်ဆရာတော်ကြီး ဘဒ္ဒန္တသဒ္ဓိယ ဦးဆောင်သောအဖွဲ့က စီမံထားသော ပိဋကတ်သုံးပုံ ပါဠိတော်ကွန်ပျူတာမူ၊ ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပထမဆုံး ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တသီလာနန္ဒာဘိဝံသ ဦးဆောင်သောအဖွဲ့က စီမံထားသော ပိဋကတ်သုံးပုံပါဠိတော်၊ ရိုမန်အက္ခရာမူတို့ဖြင့် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်း၌ ကျောက်စာရေးထိုး ထွင်းထုပူဇော်နိုင်ခဲ့ပါကြောင်း၊ ထိုသို့ထွင်းထုပူဇော်ရာတွင် ဝိနယပိဋက၊ သုတ္တန္တပိဋက၊ အဘိဓမ္မပိဋကတို့ကို မြန်မာ၊ ပါဠိ၊ ရိုမန်အက္ခရာတို့ဖြင့် ကျောက်စာရုံစေတီ ၇၂၀ ဆူ တည်ထားခဲ့ပြီး စေတီတော်တစ်ဆူလျှင် မြန်မာအက္ခရာပါဠိတစ်ဖက်၊ ရိုမန်အက္ခရာပါဠိတစ်ဖက်ဖြင့် ကျောက် စာချပ်ရေ ၁၄၄၀ ကို ရေးထွင်းထားခြင်းဖြစ်ပါကြောင်း။ထိုကျောက်စာရုံစေတီတော်များ ရွှေထီးတော်တင်လှူခြင်းမဟာမင်္ဂလာအခမ်းအနားကို မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲနှင့်အတူ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့တွင် နိုင်ငံတော်အဆင့် မဟာမင်္ဂလာအခမ်းအနားကြီးအဖြစ် ခမ်းနားထည်ဝါစွာ ဆောင်ရွက်ခဲ့ပါကြောင်း။ထို့အပြင် ကျောက်စာတော်မူများကို နိုင်ငံတကာအဆင့်မီ စာအုပ်ထုတ်ဝေနိုင်ရေး ဆောင်ရွက်ခြင်း၊ Mobile Tablet များတွင် ထည့်သွင်း၍ ဒီဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်မှာ မြန်မာနိုင်ငံ၏ ပဉ္စမနှင့် ဆဋ္ဌသင်္ဂါယနာတင်တော်မူခြင်းများ၏ အောင်မြင်မှုကို သမိုင်းမော်ကွန်း ထပ်ဆင့်ရေးထိုးနိုင်ခြင်းဖြစ်ပြီး ဗုဒ္ဓမြတ်စွာဘုရား၏ ပရိယတ္တိသာသနာတော်မြတ်ကြီးကို ချီးမြှောက်နိုင်ခဲ့ခြင်းပင်ဖြစ်သည်ကို လျှောက်ထားအပ်ပါကြောင်း။၎င်းအပြင် သင်္ဂါယနာလုပ်ငန်း၏ပဓာနဖြစ်သော ပိဋကကျမ်းစာများကို ခဲစာလုံးမူမှ ကွန်ပျူတာမူအဖြစ်သို့ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာအားလုံးတို့ကို အစုံလိုက်အတွဲလိုက် ပြန်လည်ရိုက်နှိပ်နိုင်ရေးကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ အဋ္ဌကထာ ၅၁ အုပ်ကို အစုံလိုက်ရိုက်နှိပ်ပြီးဖြစ်၍ ပရိယတ္တိဝန်ဆောင်ဆရာတော်အရှင်မြတ်များနှင့် ပရိယတ္တိစာသင်တိုက်ကြီးများသို့ လှူဒါန်းလျက်ရှိသည်ကို သာဓုအနုမောဒနာခေါ်ဆိုနိုင်ပါရန် လျှောက်ထားအပ်ပါကြောင်း။ဘုရားတပည့်တော်တို့ ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် အစဉ်တစိုက် ကြိုးပမ်းအားထုတ်တော်မူကြပါကုန်သော ပရိယတ္တိဝန်ဆောင်၊ ပဋိပတ္တိဝန်ဆောင် ဆရာတော်အရှင်သူမြတ်တို့က နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့အပေါ် တရားဓမ္မဖြင့် ချီးမြှင့်ထောက်ပံ့ခြင်း ဓမ္မာနုဂ္ဂဟဖြင့်လည်းကောင်း၊ နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့က ဆရာတော်အရှင်သူမြတ်တို့အား ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့ခြင်း ပစ္စယာနုဂ္ဂဟဖြင့်လည်းကောင်း၊ ဆရာဒကာလက်တွဲညီစွာ ဆောင်ရွက်သွားပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သ၍ သန့်ရှင်းတည်တံ့ပြန့်ပွားကာ ကမ္ဘာ့နိုင်ငံအသီးသီးသို့တိုင်အောင် ထွန်းကားပြန့်ပွားမည်မှာ မလွဲဧကန် အမှန်ပင်ဖြစ်ပါကြောင်း။ဆရာတော်အရှင်သူမြတ်များ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာစွာဖြင့် သာသနာ့ ဝန်၊ ခန္ဓာ့ဝန်ကို လွယ်ကူချမ်းသာစွာ ဆောင်ရွက်နိုင်ပါစေကြောင်းနှင့် ထေရဝါဒ ဗုဒ္ဓ သာသနာတော်မြတ်ကြီး နေလို၊ လလို ထွန်းလင်းတောက်ပနိုင်ရေးအတွက် ပြုသမျှသော ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှု အစုစုအဖြာဖြာသည် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်းဖြစ်ပါစေရန် ဆုမွန်ကောင်းတောင်းတော်မူပါကြောင်းဖြင့် လျှောက်ထားတင်ပြသည်။ယင်းနောက် သံဃာအပါး ၁၀၀၀ နှင့်အထက် ပရိယတ္တိစာသင်တိုက်ကြီးဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ မစိုးရိမ်တိုက်သစ်၏ သဝဏ်လွှာ၊ အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်၊ မဟာဂန္ဓာရုံ ကျောင်းတိုက်၏ သဝဏ်လွှာ၊ သီရိလင်္ကာနိုင်ငံ၊ သျှာမနိကာယ ကောတေချပ်ပတာ အနုနာယက ဘဒ္ဒန္တကောဋ ပိတိယေ ရာဟုလာထေရ်တို့၏ သဝဏ်လွှာများကို ဆရာတော်ကြီးများက အသီးသီးဖတ်ကြားတော်မူကြသည်။ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း သည်။ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီးတို့က သီတဂူဆရာတော်ကြီးထံသို့လည်းကောင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီးတို့က မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးထံသို့လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က တပ်ကုန်းမြို့ဦးကျောင်းတိုက်ဆရာတော်ကြီးထံသို့လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက ဆရာတော်သံဃာတော်အရှင်သူမြတ်များထံသို့လည်းကောင်း လှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒဝါသေဠာ ဘိဝံသထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။ယင်းနောက် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် အထူးပြပွဲ၊ ဓာတ်ပုံပြခန်းများ ဖွင့်ပွဲမင်္ဂလာအခမ်းအနားထို့နောက် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀) ပြည့်အထိမ်းအမှတ် အထူးပြပွဲ၊ ဓာတ်ပုံပြခန်းများ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပြုလုပ်ရာ မင်္ဂလာအချိန်တွင် နိုင်ငံတော်သမ္မတက ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ်ပြခန်းကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ထို့နောက် နိုင်ငံတော်သမ္မတထံသို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် အမှတ်တရလက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။၎င်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ်ပြခန်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။MOI
Thu, 30-Apr-2026
ဘင်္ဂလားဒေ့ရှ်တွင် မတ်လမှစ၍ ဝက်သက်ရောဂါကြောင့် ကလေးငယ် ၂၂၀ ကျော် သေဆုံး
ဘင်္ဂလားဒေ့ရှ်တွင် မတ်လမှစ၍ ဝက်သက်ရောဂါကြောင့် ကလေးငယ် ၂၂၀ ကျော် သေဆုံး
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မတ်လမှစတင်၍ ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး ဝက်သက်ရောဂါကူးစက်မှုများ ဖြစ်ပွားနေပြီး ကလေးငယ် ၂၂၇ ဦး သေဆုံးခဲ့ကြောင်း အစိုးရ၏ ဧပြီလ ၂၉ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ရောဂါကူးစက်ခံရသည်ဟု သံသယရှိသူပေါင်း ၃၅၀၀၀ နီးပါးရှိလာကြောင်းလည်း သိရသည်။ရောဂါအပြင်းထန်ဆုံးဖြစ်ပွားနေသည့်ဒေသများအနက် တစ်ခုမှာ စစ်တကောင်းတောင်တန်းဒေသရှိ ကူရွတ်ပါတာဖြစ်သည်။ အဆိုပါကျေးလက်ဒေသရှိ ကလေးငယ်များသည် ကာကွယ်ဆေးထိုးနှံမှုလွှမ်းခြုံမှုအောက်တွင် ပါဝင်သော်လည်း မကြာခဏ ချန်လှပ်ခံရခြင်းများရှိပြီး မိသားစုအချို့သည် ကြောက်ရွံ့မှုကြောင့် ကာကွယ်ဆေးထိုးနှံခြင်းကို ရှောင်ရှားနေကြကြောင်း သိရသည်။ကူရွတ်ပါတာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အစွန်အဖျားဒေသတစ်ခုဖြစ်ပြီး အဆိုပါဒေသတွင် ကလေးငယ် ၈၀ ကျော်ကို ဝက်သက်ရောဂါအတွက် ကုသပေးခဲ့ရကြောင်း ခရိုင်ကျန်းမာရေးမှူး ရှိတ်ဖာဇယ်ရက်ဘီက ပြောကြားခဲ့သည်။ဒေသခံအများစုသည် သွားလာရေးနှင့် ဆက်သွယ်ရေးခက်ခဲသော နေရာများတွင် နေထိုင်နေကြရသဖြင့် အစိုးရအနေဖြင့် အသိပညာပေးအစီအစဉ်များကို အားဖြည့်လုပ်ဆောင်ရန်နှင့် တိုင်းရင်းသားလူမျိုးစုများအား ကာကွယ်ဆေးထိုးလွှမ်းခြုံမှုအောက်သို့ ပါဝင်လာစေရန် ဆောင်ရွက်သင့်ကြောင်း ဒေသအကြီးအကဲက တိုက်တွန်းထားသည်။Ref: STMWD
Thu, 30-Apr-2026

Information

  • Today Visitors: 1005
  • Unique Visitor: 70138
  • Total Visitor: 589681

Event & Guidlines

Article
Forum & Discussion
Q&A

Contact

Ministry of the President's Office, Naypyidaw
presoffministry@gmail.com
067-4590332

Quick Link

Myanmar National Portal
Ministry of Information
Findings on the investigation of Electoral Frauds and Malpractices in 2020 Multi-party Democracy General Election

Archive

  • May 2026 (17)
  • April 2026 (1741)
  • March 2026 (1627)
  • February 2026 (1557)
  • January 2026 (1526)
Suggestion Box
Facebook Instagram Youtube
© Copyright 2024 SAC All Rights Reserved.