ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဘော်လီဘောပြိုင်ပွဲတွင် အလုံခရိုင်နှင့် မင်္ဂလာဒုံခရိုင်တို့ ပထမဆုရရှိ

News Image

  • ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဘော်လီဘောပြိုင်ပွဲတွင် အလုံခရိုင်နှင့် မင်္ဂလာဒုံခရိုင်တို့ ပထမဆုရရှိ

၂၀၂၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၁၄ ခရိုင် အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် အလုံခရိုင်အမျိုးသားအသင်းနှင့် မင်္ဂလာဒုံခရိုင်အမျိုးသမီးအသင်းတို့သည် ပထမဆုဖလားများ ဆွတ်ခူးရရှိခဲ့ကြကြောင်း သိရသည်။

ပြိုင်ပွဲအတွင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများသည် အမျိုးသားပြိုင်ပွဲ ဗိုလ်လုပွဲဖြစ်သည့် တွံတေးခရိုင်အသင်းနှင့် အလုံခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဆုချီးမြှင့်ပွဲတွင် ပွဲစဉ်တစ်လျှောက် တာဝန်ယူခဲ့သည့် ဒိုင်ကြီးကြပ်နှင့် ဒိုင်လူကြီးများ၊ အမျိုးသားနှင့် အမျိုးသမီးပြိုင်ပွဲများတွင် နေရာအလိုက် အကောင်းဆုံးဆုများဖြစ်သည့် စပေးဘောဆု၊ ပင့်ထောင်ဆု၊ ဆယ်မဆု၊ ပိတ်ဆို့ဆုနှင့် ရိုက်ခုတ်ဆုများကို ချီးမြှင့်ခဲ့သည်။ ထို့ပြင် အမျိုးသမီးပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုကို မင်္ဂလာဒုံခရိုင်မှ ဇင်မာမြင့်၊ အမျိုးသားပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုကို အလုံခရိုင်မှ ရဲရင့်အောင်တို့ ရရှိခဲ့ကြသည်။

ထို့နောက် အမျိုးသမီးပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် လှည်းကူးခရိုင်အသင်း၊ အမျိုးသားပြိုင်ပွဲတွင် မရမ်းကုန်းခရိုင်အသင်း၊ အမျိုးသမီးပြိုင်ပွဲတွင် တတိယဆုရရှိသည့် တွံတေးခရိုင်အသင်း၊ အမျိုးသားပြိုင်ပွဲတွင် တတိယဆုရရှိသည့် မင်္ဂလာဒုံခရိုင်အသင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အလုံခရိုင်အသင်းနှင့် အမျိုးသားပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် တွံတေးခရိုင်အသင်းတို့ကို တာဝန်ရှိသူများက ဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

နောက်ဆုံးတွင် အမျိုးသမီးပြိုင်ပွဲ၌ ပထမဆုရရှိသည့် မင်္ဂလာဒုံခရိုင်အသင်းနှင့် အမျိုးသားပြိုင်ပွဲ၌ ပထမဆုရရှိသည့် အလုံခရိုင်အသင်းတို့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဆုဖလားများကို ကိုယ်တိုင်ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဝန်းရံခ

MWD