မန်စီးတီးအသင်းမှ နေသန်အကီ ထွက်ခွာရန်ဆုံးဖြတ်

News Image

  • မန်စီးတီးအသင်းမှ နေသန်အကီ ထွက်ခွာရန်ဆုံးဖြတ်

မန်ချက်စတာ၊ ဧပြီ ၂၉ — မန်စီးတီးအသင်း၏ ခံစစ်ကစားသမား နေသန်အကီသည် ယခုဘောလုံးရာသီအကုန်တွင် အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရန် ဆုံးဖြတ်ထားကြောင်း သိရသည်။

အသက် ၃၁ နှစ်အရွယ်ရှိ နေသန်အကီသည် ၂၀၂၀ ပြည့်နှစ်တွင် ဘုန်းမောက်အသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီး အသင်းနှင့်အတူ ခြောက်ရာသီကြာ ပါဝင်ကစားခဲ့သည်။ ယခုရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်၍ လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

နေသန်အကီသည် မန်စီးတီးတွင် အစောပိုင်းနှစ်များ၌ အဓိကကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့သော်လည်း ပြီးခဲ့သည့်ရာသီတွင် ဒဏ်ရာပြဿနာများကြောင့် ပြိုင်ပွဲစုံ ၁၈ ပွဲသာ ပါဝင်ကစားနိုင်ခဲ့သည်။

ယခုရာသီတွင် ပြိုင်ပွဲစုံ ၃၁ ပွဲ ပါဝင်ကစားထားသော်လည်း ပွဲစဉ်အများစုကို လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရပြီး အသင်းအတွင်း အရေးပါမှုလျော့နည်းလာသည့်အတွက် ထွက်ခွာရန် ဆုံးဖြတ်ထားခြင်းဖြစ်သည်။

နေသန်အကီသည် မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၁၇၄ ပွဲ ပါဝင်ကစားထားပြီး ၁၀ ဂိုး သွင်းယူထားသည်။ ထို့အပြင် ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ ကာရာဘောင်းဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ ဥရောပစူပါဖလား ၁ ကြိမ်နှင့် ကလပ်ကမ္ဘာ့ဖလား ၁ ကြိမ် ဆွတ်ခူးထားနိုင်ခဲ့ကြောင်း သိရသည်။

Ref: Fabrizio Romano

MWD