ရီးယဲလ်မက်ဒရစ် နည်းပြရာထူးအတွက် မော်ရင်ဟို ခန့်အပ်နိုင်ခြေ သတင်းထွက်ပေါ်

News Image

  • ရီးယဲလ်မက်ဒရစ် နည်းပြရာထူးအတွက် မော်ရင်ဟို ခန့်အပ်နိုင်ခြေ သတင်းထွက်ပေါ်

မက်ဒရစ်၊ ဧပြီ ၂၉ — ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် လစ်လပ်နေသည့် နည်းပြရာထူးအတွက် နည်းပြဟောင်းဖြစ်သူ လက်ရှိ ဘင်ဖီကာအသင်းကို ကိုင်တွယ်နေသော မော်ရင်ဟိုအား ပြန်လည်ခန့်အပ်ရန် စဉ်းစားနေသည်ဟု သတင်းများ ထွက်ပေါ်လာသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုဘောလုံးရာသီတွင် အလွန်ဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့သော်လည်း ကစားသမားများနှင့် ဆက်ဆံရေးတင်းမာမှုများကြောင့် ရာသီမကုန်မီ ထုတ်ပယ်ခဲ့ကြောင်း သိရသည်။ ထို့နောက် ယာယီနည်းပြအဖြစ် အာဘီလိုအာကို ခန့်အပ်ခဲ့သော်လည်း ရလဒ်များ မကောင်းသဖြင့် ရာသီအကုန်တွင် လမ်းခွဲမည်ဖြစ်ပြီး နည်းပြသစ် ခန့်အပ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနို ပီရက်ဇ်သည် လူငယ်နည်းပြများထက် အတွေ့အကြုံရှိ ဝါရင့်နည်းပြတစ်ဦးကို ခန့်အပ်လိုကြောင်း အတည်ပြုထားပြီးနောက် ဥရောပအတွင်း အတွေ့အကြုံကြီးမားသည့် မော်ရင်ဟိုနှင့် သတင်းများ ဆက်စပ်ထွက်ပေါ်လာခြင်းဖြစ်သည်။

အစောပိုင်းတွင် လီဗာပူးနည်းပြဟောင်း ကလော့ပ်ကို ခန့်အပ်ရန် စိတ်ဝင်စားခဲ့သော်လည်း ၎င်းကိုယ်တိုင် နည်းပြလောကသို့ ပြန်မဝင်တော့ကြောင်း ပြောကြားခဲ့သဖြင့် ရီးယဲလ်ဘက်မှ အစီအစဉ်ကို ပြောင်းလဲခဲ့ရသည်။

မော်ရင်ဟိုသည် ယခင်က ၂၀၁၀ မှ ၂၀၁၃ ခုနှစ်အထိ ရီးယဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်ခဲ့ဖူးပြီး လာလီဂါဖလား ၁ ကြိမ်၊ ကိုပါဒယ်ရေးဖလား ၁ ကြိမ်နှင့် စပိန်စူပါဖလား ၁ ကြိမ် ဆွတ်ခူးပေးနိုင်ခဲ့သည်။

လက်ရှိတွင် မော်ရင်ဟိုသည် ဘင်ဖီကာအသင်းကို ကိုင်တွယ်နေပြီး ပေါ်တူဂီလိဂ်တွင် ၃၁ ပွဲကစားပြီး ၂၂ ပွဲနိုင်၊ ၉ ပွဲသရေဖြင့် ရှုံးပွဲမရှိ စွမ်းဆောင်ထားကာ အမှတ်ပေးဇယားအဆင့် (၂) နေရာတွင် ရပ်တည်နေကြောင်း သိရသည်။

Ref: Fabrizio Romano

MWD