ဂျပန်ဝန်ကြီးချုပ် ဗီယက်နမ်နှင့် ဩစတြေးလျနိုင်ငံတို့သို့ သွားရောက်မည်

News Image

  • ဂျပန်ဝန်ကြီးချုပ် ဗီယက်နမ်နှင့် ဩစတြေးလျနိုင်ငံတို့သို့ သွားရောက်မည်

တိုကျို ဧပြီ ၂၈

 

ဂျပန်ဝန်ကြီးချုပ် တာကာအိချီ ဆာနာအဲသည် လာမည့် မေ ၁ ရက်မှ ၅ ရက်အထိ ဗီယက်နမ်နှင့် ဩစတြေးလျနိုင်ငံတို့သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

 

ဧပြီ ၂၈ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ကီဟာရမီနိုရုက ယင်းခရီးစဉ်နှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် တာကာအိချီ ဆာနာအဲသည် ဗီယက်နမ်တွင် သမ္မတနှင့် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး တိုလမ်၊ ဝန်ကြီးချုပ် လီမင်ဟွန်းတို့ အပါအဝင် အခြားအဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံမည်ဖြစ်သည်။

 

ယင်းတွေ့ဆုံမှုများတွင် စွမ်းအင်နှင့် အရေးကြီးသတ္တုတွင်းထွက်ကဏ္ဍများအပါအဝင် နယ်ပယ်အသီးသီး၌ နှစ်နိုင်ငံအကြား မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ရသည်။ 

 

ထို့အပြင် ဝန်ကြီးချုပ်သည် ဩစတြေးလျနိုင်ငံတွင် ဝန်ကြီးချုပ် အန်တိုနီ အယ်ဘာနိစ်နှင့် တွေ့ဆုံကာ စီးပွားရေး၊ လုံခြုံရေးနှင့် အပြန်အလှန်ပူးပေါင်းမှု အစီအစဉ်များအပါအဝင် နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကို ဆွေးနွေးသွားမည်ဖြစ်သည်။ 

 

အင်န်အိတ်ချ်ကေ

MDN