အနောက်အုပ်စု၏ ဦးဆောင်မှုကဏ္ဍ ပြိုလဲနေပြီး နိုင်ငံတကာအခင်းအကျင်းအသစ် ပေါ်ထွက်လာနေဟု ပူတင်ပြော

News Image

  •  အနောက်အုပ်စု၏ ဦးဆောင်မှုကဏ္ဍ ပြိုလဲနေပြီး နိုင်ငံတကာအခင်းအကျင်းအသစ် ပေါ်ထွက်လာနေဟု ပူတင်ပြော

အနောက်အုပ်စု၏ ဦးဆောင်မှုကဏ္ဍ ပြိုလဲနေပြီး နိုင်ငံတကာအခင်းအကျင်းအသစ် ပေါ်ထွက်လာနေဟု ပူတင်ပြော

ကမ္ဘာ့ဇာတ်ခုံပေါ်တွင် အနောက်နိုင်ငံများ၏ ဦးဆောင်နိုင်စွမ်းမှာ တဖြည်းဖြည်း လျော့ပါးလာနေပြီး အခင်းအကျင်းအသစ်တစ်ခု ပေါ်ထွက်လာနေကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ ပါဝင်သည့် Global South အုပ်စုသည် အနောက်အုပ်စု၏ ဦးဆောင်မှုကို အစားထိုးနေရာယူနေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

“နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးကဏ္ဍများတွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ အရေးပါမှုကို နားလည်တန်ဖိုးထားသော နိုင်ငံများသည် ယခုအခါ ပိုမိုအရေးပါသော အခန်းကဏ္ဍတွင် ပါဝင်လာနေသည်။ ၎င်းတို့သည် ကိုယ်ပိုင်တန်ဖိုး၊ အရင်းအမြစ်နှင့် ဦးစားပေးချက်များအပေါ် မူတည်၍ ကိုယ်ပိုင်လမ်းကြောင်းကို သတ်မှတ်လာနိုင်ပြီဖြစ်သည်” ဟု ပူတင်က Open Dialogue Forum သို့ ပေးပို့သည့် ဗီဒီယိုမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

အနောက်နိုင်ငံများ၏ လုပ်ဆောင်ချက်များကြောင့် ယခင်က ကျင့်သုံးခဲ့သည့် နိုင်ငံတကာဆက်ဆံရေးစံနှုန်းများနှင့် လုပ်ထုံးလုပ်နည်းများသည် ထိရောက်မှု လျော့နည်းလာပြီး ၎င်းတို့၏ ဦးဆောင်မှုကဏ္ဍကို အင်အားစုအသစ်များနှင့် Global South နိုင်ငံများထံ လွှဲပြောင်းပေးနေရပြီဖြစ်ကြောင်း ပူတင်က ထောက်ပြသည်။

ထို့အပြင် ပြီးခဲ့သည့်နှစ်များအတွင်း ဖြစ်ပေါ်ခဲ့သော စီးပွားရေး၊ ဘဏ္ဍာရေး၊ နည်းပညာနှင့် လူဦးရေဆိုင်ရာ ပြောင်းလဲမှုများသည် ပြန်လည်ပြင်ဆင်၍မရသော အခြေအနေတစ်ရပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ပူတင်က ပြောကြားထားသည်။

Ref: Sputnik

MWD