အီရန်၏ ဟော်မုရေလက်ကြား ပြန်ဖွင့်ရေး အဆိုပြုချက်ကို ထရမ့် ကျေနပ်မှုမရှိဟုဆို

News Image

  • အီရန်၏ ဟော်မုရေလက်ကြား ပြန်ဖွင့်ရေး အဆိုပြုချက်ကို ထရမ့် ကျေနပ်မှုမရှိဟုဆို

ဟော်မုရေလက်ကြား ပြန်လည်ဖွင့်လှစ်ရန်နှင့် စစ်ပွဲအဆုံးသတ်ရန် အီရန်ဘက်မှ ပေးပို့လာသည့် နောက်ဆုံးအဆိုပြုချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကျေနပ်မှုမရှိကြောင်း အိမ်ဖြူတော် အကြံပေးများအား ပြောကြားခဲ့သည်ဟု သိရသည်။ ဧပြီလ ၂၇ ရက်တွင် အိမ်ဖြူတော်၌ ပြုလုပ်သည့် ဆွေးနွေးမှုအတွင်း ထရမ့်က ၎င်း၏သဘောထားကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။

အဆိုပါ အီရန်၏အဆိုပြုချက်တွင် အမေရိကန်၏ ရေကြောင်းပိတ်ဆို့မှုကို ရုပ်သိမ်းပေးရန် တောင်းဆိုထားသော်လည်း အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်သည့် အရေးကြီးမေးခွန်းများကိုမူ ရှင်းလင်းစွာ မဖော်ပြထားကြောင်း အမေရိကန်တာဝန်ရှိသူများက ဆိုသည်။ အီရန်သည် ၎င်းတို့၏ နျူကလီးယားအစီအစဉ်ကို ရပ်ဆိုင်းရန်နှင့် သန့်စင်ပြီး ယူရေနီယံများကို လွှဲပြောင်းပေးရန် အမေရိကန်၏ တောင်းဆိုချက်များကို အကြိမ်ကြိမ် ငြင်းဆိုထားသည်။

ထရမ့်က အဆိုပါအဆိုပြုချက်ကို မည်သည့်အကြောင်းကြောင့် ငြင်းပယ်သည်ဆိုသည့် အသေးစိတ်အချက်အလက်များကို တိတိကျကျ မထုတ်ပြန်သေးသော်လည်း အီရန်အနေဖြင့် နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်မရှိစေရဟူသော အမေရိကန်၏ မူဝါဒရှိနေကြောင်း သိရသည်။ ထိုအဆိုပြုချက်ကို လက်ခံလိုက်ပါက ထရမ့်အတွက် နိုင်ငံရေးအရ အောင်မြင်မှုမဟုတ်နိုင်ကြောင်းလည်း အမေရိကန်အရာရှိတစ်ဦးက သုံးသပ်ထားသည်။

MWD