ပျော်ရွှင်ရယ်မောခြင်းက အစာခြေလမ်းကြောင်းစနစ်ကျန်းမာရေးကို အထောက်အကူပြုနိုင်
လန်ဒန် မေ ၅
ပျော်ရွှင်ရယ်မောမှုသည် အစာခြေလမ်းကြောင်းစနစ် ကျန်းမာရေးကို အထောက်အကူပြုနိုင်ကြောင်း သုတေသနပညာရှင်များ၏ အဆိုကိုကိုးကား၍ မေ ၄ ရက် သတင်းများတွင် ရေးသားဖော်ပြထားသည်။
ယခင်ပြုလုပ်ခဲ့သည့် လေ့လာမှုများအရ မကြာခဏရယ်မောပေးရမှုသည် ခုခံအားစနစ်မြှင့်တင် ပေးနိုင်ပြီး စိတ်ဖိအားကို လျှော့ချပေးနိုင်သကဲ့သို့ ဝမ်းဗိုက်ကြွက်သားများကို ပိုမိုအားကောင်းစေနိုင်ကြောင်း သိရသည်။
တချို့သော လေ့လာချက်များတွင်မူ တစ်ရက်လျှင် ၁၀ မိနစ် ရယ်မောခြင်းဖြင့် ကယ်လိုရီပမာဏ ၅၀ ထိ ချေဖျက်လောင်ကျွမ်းနိုင်ကြောင်းလည်း တင်ပြထားသည်။
ထို့ပြင် ဗြိတိန်သုတေသနပညာရှင်များ၏ အဆိုအရ ရယ်မောခြင်းသည် အစာခြေလမ်းကြောင်းစနစ်ကျန်းမာရေးကိုလည်း မြှင့်တင်ပေးနိုင်ကြောင်း သိရသည်။
ရယ်မောချိန်တွင် ဝမ်းဗိုက်ကြွက်သားများ အကျုံ့အဆန့်ရှိလာတတ်ပြီး အစာခြေလမ်းကြောင်းစနစ်လှုပ်ရှားမှုကို အထောက်အကူပြုကြောင်း ဗြိတိန် သုတေသနပညာရှင်များက ပြောကြားသည်။
ထို့ပြင် ရယ်မောချိန်တွင် နာကျင်ကိုက်ခဲမှုကိုလျှော့ချရာ၌ အထောက်အကူပြုသော အင်ဒိုဖင်း(Endorphins) ခေါ် ဓာတုပစ္စည်းများ ပေါ်ထွက်လာတတ်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။
ရတနာပုံ
Photo: Healthline
