ဟာဇက်နောက်ပိုင်း ပွဲဦးထွက်ဘောလုံးရာသီတွင် ဂိုးဖန်တီးမှု ၁၀ ကြိမ်နှင့်အထက် ပြုလုပ်နိုင်သည့် ကစားသမားချက်ကီဖြစ်လာ
မန်ချက်စတာ၊ မေ ၆
မန်စီးတီးအသင်းကွင်းလယ်ကစားသမား ချက်ကီသည် ချယ်လ်ဆီးအသင်းကွင်းလယ်ကစားသမားဟောင်း ဟာဇက်နောက်ပိုင်း ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ပွဲဦးထွက်ဘောလုံးရာသီတွင် ဂိုးဖန်တီးမှု ၁၀ ကြိမ်နှင့်အထက် ပြုလုပ်နိုင်သည့် ကစားသမားဖြစ်လာကြောင်း သိရသည်။
၂၀၁၂-၂၀၁၃ ဘောလုံးရာသီက ဟာဇက်သည် လိုင်လီအသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် ပွဲဦးထွက်ဘောလုံးရာသီတွင် ဂိုးဖန်တီးမှု ၁၀ ကြိမ်နှင့်အထက် ပြုလုပ်နိုင်သည့် ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပြီး ဟာဇက်နောက်ပိုင်းတွင် ပွဲဦးထွက်ဘောလုံးရာသီ၌ ဂိုးဖန်တီးမှု ၁၀ ကြိမ်နှင့်အထက် ပြုလုပ်နိုင်သူအဖြစ် ချက်ကီက မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။
ချက်ကီသည်လည်း ပြီးခဲ့သည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလက လိုင်ယွန်အသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် အသင်းနှင့်အတူ ပထမဆုံးဘောလုံးရာသီတွင်ပင် အကောင်းဆုံးခြေစွမ်းပြနိုင်ကာ အဓိကကစားသမားတစ်ဦးအဖြစ် ပါဝင်နေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ၂၉ ပွဲကစားပြီးချိန်တွင် ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ချက်ကီသည် ယခုဘောလုံးရာသီတွင် နည်းပြဂွါဒီယိုလာ၏ လက်အောက်၌ မန်စီးတီးအသင်းကွင်းလယ်ပိုင်းတွင် အဓိကကစားသမားတစ်ဦးအဖြစ် ပါဝင်ခွင့်ရရှိနေပြီး အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၅၁ ပွဲအထိ ပါဝင်ကစားခွင့်ရရှိထားကာ ၁၁ ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု ၁၆ ကြိမ်ပြုလုပ်နိုင်သည်အထိ ခြေစွမ်းပြနေကြောင်း သိရသည်။
Ref: Fabrizio Romano

,
,
,