တောင်ဥက္ကလာပမြို့နယ်၌ ဘောလုံးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

News Image

  • တောင်ဥက္ကလာပမြို့နယ်၌ ဘောလုံးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်   မေ   ၅

     ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ  Pilot   Project အစီအစဉ်ဖြင့်   Football For   School  Program အရ  ဖွင့်လှစ်သည့် ဘောလုံးသင်တန်းဖွင့်ပွဲ အခမ်းအနားကို   ယမန်နေ့က   ရန်ကုန်တိုင်းဒေသကြီး   သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၁)ရပ်ကွက်   မြသီတာအားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ သင်တန်းသားများက ကွင်း အတွင်းနေရာယူကြပြီး  အားကစားနှင့် ကာယပညာဦးစီးဌာန ရန်ကုန်အရှေ့ပိုင်း ခရိုင်ရုံး   လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲကျော်သူက ဘောလုံးသင်တန်းဖွင့်လှစ် ရခြင်းရည်ရွယ်ချက်များကို  ရှင်းလင်းပြောကြားသည်။ 

ဆက်လက်၍ တောင်ဥက္ကလာပမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးမှူး   ဒေါ်လေးဇာဇာလှိုင်းမြင့်၊    မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော် ရှိန်းနှင့်အဖွဲ့ဝင်များက ဘောလုံးသင်တန်း တွင် နည်းပြများ၏သင်ကြားပြသမှုများကို ကြိုးစားသင်ယူကြရန်နှင့် သင်တန်းဖွင့် ရက်များတွင်  အချိန်မှန်မှန်တက်ရောက် နိုင်ရေးတို့ကို မှာကြားသည်။

အဆိုပါ ဘောလုံးသင်တန်းကို မြို့နယ် အတွင်းရှိ ဘောလုံးအားကစားဝါသနာရှင် လူငယ်များ တက်ရောက်ကြပြီး အပတ်စဉ်တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တို့တွင်  သင်ကြားပေးမည်ဖြစ်ကာ  သင်တန်းကို  မေလ  ၄   ရက်မှ ဇူလိုင်လအထိ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။ 

MWD