နယူးဇီလန်နိုင်ငံတွင် အစာအိမ်ကင်ဆာဖြစ်ပွားမှု သိသိသာသာ မြင့်တက်လာနိုင်ဟု  သုတေသနဖော်ပြ

News Image

  • နယူးဇီလန်နိုင်ငံတွင် အစာအိမ်ကင်ဆာဖြစ်ပွားမှု သိသိသာသာ မြင့်တက်လာနိုင်ဟု   သုတေသနဖော်ပြ

    နယူးဇီလန်နိုင်ငံ၌ ၂၀၄၅ ခုနှစ်အရောက်တွင် အစာအိမ်ကင်ဆာဖြစ်ပွားမှုနှုန်းသည်၅၀ ရာခိုင်နှုန်းနီးပါး မြင့်တက်နိုင်ပြီး  မော်ရီနှင့် ပစိဖိတ်ကျွန်းသားများတွင် ပိုမိုဆိုးရွားစွာ ခံစားရနိုင်ကြောင်း သုတေသနအသစ်တစ်ရပ်က မေလ ၈ ရက်တွင် ဖော်ပြထားသည်။ Health New Zealand နှင့် အော်ကလန်တက္ကသိုလ်တို့ ပူးပေါင်းလုပ်ဆောင်သည့် အဆိုပါလေ့လာမှုအရ တစ်နှစ်လျှင်   ရောဂါဖြစ်ပွားသူ အရေအတွက်သည် ၂၀၂၂ ခုနှစ်တွင် ၄၉၂ ဦးရှိရာမှ ရာစုနှစ်ဝက်ခန့်အတွင်း၇၂၅ ဦးအထိ တိုးလာနိုင်ကြောင်း ခန့်မှန်းထားသည်။

အသက် ၇၅ နှစ်နှင့်အထက်ရှိ လူဦးရေတွင်အစာအိမ်ကင်ဆာဖြစ်ပွားမှုနှုန်း နှစ်ဆတိုးလာနိုင်သဖြင့် ကျန်းမာရေးဝန်ဆောင်မှုများအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်နိုင်ကြောင်းNew Zealand Medical Journal တွင် ဖော်ပြထားသည်။ လက်ရှိတွင်လည်း မော်ရီနှင့်ပစိဖိတ်ကျွန်းသားများတွင် အစာအိမ်ကင်ဆာဖြစ်ပွားမှုနှုန်း အမြင့်ဆုံးဖြစ်နေပြီး နောင်တွင်လည်း ဖြစ်ပွားသူဦးရေနှစ်ဆ နီးပါးတိုးလာနိုင်ကာ လူမျိုးစုအလိုက် ကွာဟချက်များ ပိုမိုကျယ်ပြန့်လာမည်ဟု သုတေသနပညာရှင်များက သတိပေးထားသည်။ အစာအိမ်ကင်ဆာသည် မော်ရီလူမျိုးစုတွင် ကင်ဆာကြောင့်သေဆုံးရမှု၏ အဓိကအကြောင်းရင်း ၁၀ ချက်တွင်ပါဝင်နေသည်။

MWD