၂၀၂၆ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနား ကျင်းပ
မြိတ် မေ ၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကြက်ခြေနီအသင်းခွဲရုံး၌ ၂ဝ၂၆ ခုနှစ် မေလ ၈ ရက်တွင် ကျရောက်သော ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို မေလ ၈ ရက် နံနက်ပိုင်းတွင်ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့် ထံမှပေးပို့သော ကမ္ဘာ့ကြက်ခြေနီနေ့ သဝဏ်လွှာကို မြိတ်ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဆွေ က ဖတ်ကြားပြီး မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှပေးပို့သော ကမ္ဘာ့ကြက်ခြေနီနေ့ ကို ဂုဏ်ပြုသည့် မှတ်တမ်းဗီဒီယိုအားပြသသည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ် စံပြကြက်ခြေနီရရှိသူများ၊ ၁၅ ကြိမ်နှင့်အထက် သွေးလှူဒါန်းခဲ့သည့် တပ်ဖွဲ့ဝင် များ၊ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ အထွေထွေ ဗဟုသုတပြိုင်ပွဲ၊ တပ်ဖွဲ့ဝင်များ လိုက်နာရမည့် ကျင့်ဝတ်အပါး ၅၀ ပြိုင်ပွဲများတွင် ဆုရရှိသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည်ဟိန်းကျော်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ကြသည်။
ထို့နောက် အခမဲ့ရွေ့လျားဆေးခန်းတွင် စေတနာ့ဝန်ထမ်းအဖြစ် ဆေးကုသဆောင်ရွက်ပေးနေသော ဆရာဝန်နှင့်၂ဝ၂၅ ခုနှစ် မတ်လတွင် ဖြစ်ပွားခဲ့သောမန္တလေးငလျင်ဘေး ကယ်ဆယ်ရေးလုပ်ငန်းများတွင် တနင်္သာရီတိုင်းဒေသကြီး ကိုယ်စား သွားရောက်ကူညီ ဆောင်ရွက်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများကို တာဝန်ရှိသူများက အသီးသီး ပေးအပ်ကြကြောင်း သိရသည်။
MWD
