ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက် ၂၅ နှစ်အောက် အမျိုးသား အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုပေးအပ်ပွဲ ကျင်းပ
ဘားအံ မေ ၈
၂၀၂၆ ခုနှစ် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက် ၂၅ နှစ်အောက် အမျိုးသား၊အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုပေးအပ်ပွဲကို မေလ ၇ ရက် နံနက်ပိုင်းတွင် ဘားအံမြို့ လှာကမြင်ကွက်သစ် ဇွဲကပင် မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပသည်။
ရှေးဦးစွာ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ဘားအံမြို့နယ်အသင်းနှင့် သံတောင်ကြီးမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဘားအံမြို့နယ်အသင်းက သုံးပွဲ နှစ်ပွဲဖြင့် အနိုင်ရဗိုလ်စွဲသည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုပေးအပ်ပွဲ အခမ်းအနားကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌတို့က အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများကို တစ်ဦးချင်းလည်ဆွဲဆုနှင့် ငွေသားဆုများ ပေးအပ်သည်။
အဆိုပါဘော်လီဘောပြိုင်ပွဲသို့ မြို့နယ်ခုနစ်မြို့နယ်မှ အမျိုးသား၊ အမျိုးသမီးဘော်လီဘော အသင်းခုနစ်သင်း၊ အားကစားသမားပေါင်း ၁၄၀ဝင်ရောက် ယှဉ်ပြိုင်ကြကြောင်း သိရသည်။
MWD
