ဂျပန်နိုင်ငံ၌ ယခုနှစ်အတွင်း ဝက်သက်ရောဂါဖြစ်ပွားသူဦးရေ ၄၀၀ ကျော်ရှိလာ
တိုကျို မေ ၈
ဂျပန်နိုင်ငံ၌ ယခုနှစ်အတွင်း ဝက်သက်ရောဂါဖြစ်ပွားသူဦးရေ ၄၀၀ ကျော်ရှိလာပြီး အဆိုပါ ပမာဏမှာ လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း အများဆုံးဖြစ်ပွားခဲ့သော ၂၀၁၉ ခုနှစ် ပမာဏနှင့်နီးကပ်လာပြီ ဖြစ်သည်။
ဝက်သက်ရောဂါဖြစ်ပွားသူ၆၈ ဦး တိုးလာ
ဧပြီလ နောက်ဆုံးပတ်တွင် ဝက်သက်ရောဂါဖြစ်ပွားသူ ၆၈ ဦး တိုးလာခဲ့ပြီး ယခုနှစ်အတွင်း ဝက်သက်ရောဂါ ဖြစ်ပွားသူဦးရေ မှာ ၄၃၆ ဦး ဖြစ်လာခဲ့သည်ဟု ဂျပန် ကျန်းမာရေး အင်စတီကျုက ပြောသည်။
ပြည်တွင်းဗိုင်းရပ်စ်ပိုးကြောင့် ကူးစက်
ရောဂါ ကူးစက်ခံရသူများ၏ ၇၀ ရာခိုင်နှုန်းမှာ ပြည်တွင်းကပင် ဗိုင်းရပ်စ်ပိုးကြောင့် ကူးစက်ခံရ ခြင်းဖြစ်သည်ဟု ကျန်းမာရေး အင်စတီကျု၏ ခန့်မှန်းချက်အရ သိရသည်။
အပြီးတိုင် ရှင်းလင်းနိုင်
ဂျပန်နိုင်ငံသည် ၂၀၁၅ ခုနှစ်၌ ဝက်သက်ရောဂါကို အပြီးတိုင် ရှင်းလင်းနိုင်ခဲ့ပြီဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက အတည် ပြုခဲ့သည်။
ကာကွယ်ဆေးထိုးခြင်းဖြင့် ရောဂါကာကွယ်နိုင်
အဓိက ကာကွယ်ရေးနည်း လမ်းမှာကာကွယ်ဆေးထိုးခြင်းဖြစ်ပြီး အထူးသဖြင့် ကလေးများတွင် ကာကွယ်ဆေး ထိုးခြင်းဖြင့် ဝက်သက်ရောဂါကို ကာကွယ်နိုင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန က ပြောသည်။
ကာကွယ်ဆေး မထိုးရသေးသော မွေးကင်းစကလေးများကို ပြုစုစောင့်ရှောက်သူများ၊ လေဆိပ် ဝန်ထမ်းများနှင့် ခရီးသွားများနှင့် ထိတွေ့ဆက်ဆံရသူများ အနေဖြင့် ကာကွယ်ဆေးထိုးနှံ ထားကြရန်လည်း အကြံပြုထားသည်။
အင်န်အိတ်ချ်ကေ
MDN
