တံတားဦးမြို့နယ်၌ မြို့နယ်သဘင်အစည်းအရုံးဖွင့်ပွဲ ကျင်းပ

News Image

  • တံတားဦးမြို့နယ်၌ မြို့နယ်သဘင်အစည်းအရုံးဖွင့်ပွဲ ကျင်းပ

တံတားဦး မေ ၂၅

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်တွင် မြို့နယ်သဘင်အစည်းအရုံးဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက တံတားဦးမြို့ အမှတ်(၁) ရပ်ကွက် ဘူတာရပ်၌ ကျင်းပသည်။ 

 

ဦးစွာ မြို့နယ်သဘင်အစည်းအရုံး ဆိုင်းဘုတ်ကို တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးသန့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးပစ်တိုင်းထောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သူ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတိုက်ကြည်နှင့် တာဝန်ရှိသူများက မြို့နယ်သဘင်အစည်းအရုံး ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များဖြင့် ပတ်ဖျန်းပေးကြပြီး မြို့နယ်သဘင်အစည်းအရုံးဥက္ကဋ္ဌ  ဦးတင်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

MDN