မူဆယ်မြို့၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းဖွင့်
မူဆယ် မေ ၂၅
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူးရုံး၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
အခမ်းအနားတွင် မူဆယ်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းက အမှာစကားပြောကြားပြီး မီးသတ်ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မီးငြှိမ်းသတ်ခြင်းနှင့် ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုသော အထောက်အကူပြုပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။ အဆိုပါသင်တန်းကို ခရိုင်မီးသတ်ဦးစီးမှူးရုံးက ကြီးမှူး၍ ရပ်ကွက်အတွင်းမှ သင်တန်းသား ၅၈ ဦးအား ၁၀ ရက်ကြာ သင်ကြားပေးမည်ဖြစ်ပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
MDN
MM-News-Category
