ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၆ သားပေါက်ရာသီအတွင်း ရှားပါးလိပ် ၂၉၇ ကောင် ပေါက်ပွား

News Image

  • ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၆ သားပေါက်ရာသီအတွင်း ရှားပါးလိပ် ၂၉၇ ကောင် ပေါက်ပွား

ဖနောင်ပင်  မေ  ၂၅

ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၆ သားပေါက်ရာသီအတွင်း မျိုးစိတ်နှစ်ခုတွင် ရှားပါးလိပ် ၂၉၇ ကောင်ကို ၎င်းတို့၏ အသိုက်များမှ ပေါက်ပွားခဲ့ကြောင်း ကမ္ဘောဒီးယားတောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့ (WCS) က မေ ၂၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

Cantors Giant Softshell လိပ်သားပေါက်ကောင်ရေ  ၂၅၇ ကောင်ခန့်ကို  မဲခေါင်မြစ်တစ်လျှောက်ရှိ သဲသောင်ပြင်များတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ယခုအချိန်အထိ အသိုက် ၁၄ ခုအနက် အသိုက် ၁၂ ခုတွင် လိပ် ၂၅၇ ကောင်  အောင်မြင်စွာပေါက်ပွားခဲ့ကြောင်း၊ ကျန်ရှိသည့်အသိုက်နှစ်ခုကိုလည်း ထိန်းသိမ်းရေးအဖွဲ့များက  စောင့်ကြည့်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ  သိရသည်။

၂၀၂၆  သားပေါက်ရာသီတွင်   တော်ဝင်လိပ်သားပေါက်  ၄၀  အောင်မြင်စွာပေါက်ပွားခဲ့ကြောင်း၊   ယင်းမှာ ယခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ၏  လိပ်ထိန်းသိမ်းရေးအဖွဲ့အတွက် အကြီးမားဆုံးအောင်မြင်မှုတစ်ခုဖြစ်ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် ကော့ကောင် (Koh Kong)နှင့် ပရက်ဆီဟမ်နော့(Preah Sihanouk) ပြည်နယ်တို့အတွင်း Sre Ambel မြစ်တစ်လျှောက်  တော်ဝင်လိပ်သားပေါက် အကောင်ရေ ၄၀ ကို ထိန်းသိမ်းရေးအဖွဲ့များက အသိုက်သုံးခုအတွင်းရှိ ဥ ၅၀ မှ ပေါက်ပွားခဲ့သည်ကိုရှာဖွေတွေ့ရှိခဲ့ကြောင်း  သိရသည်။         

ဆင်ဟွာ

MDN