ဒလမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

News Image

  •  ဒလမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ဒလ မေ ၂၅

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအပါအဝင် တည်ဆဲအခွန် ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဒလမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးခန်းမ၌ ကျင်းပသည်။

 

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးခင်မောင်စိုးက အခွန်ဆိုင်ရာ သိသင့်သိထိုက် သည်များကို ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ခင်စန္ဒာမြင့်(ပြန်/ဆက်)

MDN