ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး အမှတ် (၂) ခရိုင်ချင်းဆက်လမ်းတွင် လိုအပ်ချက်ရှိသည့် လမ်းပိုင်းနေရာများတွင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းတိုးချဲ့ခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်
ကျောက်ဆည်၊ ဇွန် ၂
ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် မြို့နယ်လမ်းဦးစီးဌာနမှ အမှတ်(၂) ခရိုင်ချင်းဆက်လမ်းပိုင်းတွင် လိုအပ်ချက်ရှိသည့် လမ်းပိုင်းနေရာများတွင် ကတ္တာထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းတိုးချဲ့ခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြန်လည်ပြုပြင်ပေးသွားမည့် လမ်းပိုင်းနေရာများမှာ မိုင်တိုင် ၅၈ ဒဿမ ၃ ကီလိုမီတာနှင့် ၅၈ ဒဿမ ၇ ကီလိုမီတာကြား၊ မိုင်တိုင် ၆၁ ဒဿမ ၂ ကီလိုမီတာနှင့် ၆၁ ဒဿမ ၈ ကီလိုမီတာကြား၊ မိုင်တိုင် ၆၉ ဒဿမ ၈ ကီလိုမီတာနှင့် ၇၀ ဒဿမ ၄ ကီလိုမီတာကြား လမ်းအကျယ် ၃ ဒဿမ ၆၆ မီတာအား ကတ္တရာ ထပ်ပိုးလွှာ ခင်းခြင်းနှင့် မိုင်တိုင် ၆၂ ဒဿမ ၈ ကီလိုမီတာနှင့် ၆၃ ဒဿမ ၈ ကီလိုမီတာကြား လမ်းအကျယ် ၃ ဒဿမ ၆၆ မီတာအား ၅ ဒဿမ ၅ မီတာ လမ်းတိုးချဲ့ပြီး ကတ္တရာခင်းခြင်းလုပ် လုပ်ငန်းများ ဖြစ်ကြောင်း မြို့နယ်လမ်းဦးစီး ဌာနမှ သိရသည်။
အမှတ်(၂)ခရိုင်ချင်းဆက်လမ်းသည် ဒေသတွင်းကုန်စည်စီးဆင်းမှုမြန်ဆန်ရေး ခရိုင်၊ မြို့နယ်၊ ကျေးရွာများအား ဆက်သွယ်ထားသည့် လမ်းတစ်ခုဖြစ်ကြောင်းနှင့် လုပ်ငန်းများပြီးစီးပါက ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများနှင့် ကုန်စည်စီးဆင်းမှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)
